BEC-TERO TV

တိရိစ္ဆာန်ရုံမှာ အမှတ်တရ ဆယ်လ်ဖီဆွဲသူအမျိုးသမီး ကျားသစ်နက် ကုတ်ခံရ (ရုပ်သံ)

11 Mar 2019     1,721 Views


အရီဇိုးနားပြည်နယ် တိရိစ္ဆာန်ရုံတစ်ရုံကို အလည်လာသူအမျိုးသမီး ကျားသစ်ခြံရှေ့မှာ အမှတ်တရ ဆယ်လ်ဖီရိုက်စဉ် အထဲကနေ ကျားသစ်က လှမ်းကုတ်ပြီး ဆွဲထားတာခံခဲ့ရပါတယ်။
 
အမျိုးသမီးဟာ အကာအရံအတားအဆီးကို ကျော်လွန်ပြီး ဆယ်လ်ဖီရိုက်တာကြောင့် ကျားသစ်ခြံထဲက ကျားသစ်နက်အမတစ်ကောင်က သူမရဲ့ လက်မောင်းကို အထဲကနေ ကုတ်ခြစ်ခဲ့တာပါ။ ကျားသစ်ကုပ်ခံရတဲ့ ဒဏ်ရာရရှိခဲ့ပေမယ့် စိုးရိမ်စရာအခြေအနေမရှိကြောင်း သိရပါတယ်။
 
အသက် ၃၀ နှစ်အရွယ် အမျိုးသမီးဟာ ကျားသစ်ဆွဲနေတာခံရစဉ် ပတ်ဝန်းကျင်ကို အော်ဟစ်အကူညီတောင်းခဲ့တယ်လို့ ရေသန့်ဗူးတွေ့နဲ့ ပစ်ပေါက်ပြီး ကျားသစ်ကို ခြောက်လှန့်ပေးခဲ့တဲ့ မျက်မြင်သက်သေ အမျိုးသားတစ်ဦးက ပြောပြခဲ့ပါတယ်။
 
 
ဖြစ်ပွားချိန်တွင် အနီးနားမှာ တိရိစ္ဆာန်ရုံဝန်ထမ်းတွေ မရှိခဲ့ပါဘူး။ အမျိုးသမီးဟာ အန္တရာယ်ရှိကြောင်း တားမြစ်ထားတဲ့ နေရာကို ကျော်ပြီး ခြံစည်းရိုးနားကာ ရိုက်ခဲ့တာကြောင့် ဖြစ်ရကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
 
ရုပ်သံမှာတော့ ဒဏ်ရာရသွားတဲ့ အမျိုးသမီး မြေပြင်ပေါ်လူးလှိမ့်ကာ နာလွန်းလို့ အော်နေတာကို တွေ့ရပါတယ်။ သူမကို ဝန်ထမ်းတွေက ဆေးရုံပို့ပေးခဲ့ပါတယ်။ အသက် အန္တရာယ်မရှိပေမယ့် လက်မောင်းမှာတော့ အတော်လေး ဒဏ်ရာရရှိခဲ့ပါတယ်။
 

11 Mar 2019     1,721 Views




RELATED

Most Popular of Special or Others

Most Popular of NEWS