ကာတာအစိုးရက မသမာသောနည်းလမ်းဖြင့် FIFA ကို ၁ ဘီလျံပေးခဲ့တယ်လို့ သတင်းထွက်ပေါ်
11 Mar 2019 1,548 Views

ကာတာအစိုးရက ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်ရရေးအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ် (FIFA) အား ဒေါ်လာတစ်ဘီလျံနီးပါး လျှို့ဝှက်ပေးအပ်ခဲ့ကြောင်း ဗြိတိန်သတင်းဌာနတွေက ဖော်ပြနေပါတယ်။
The Sunday Times သတင်းဌာနက စုံစမ်းထားသည့် အချက်အလက်များအရ ကာတာအစိုးရပိုင်ဆိုင်တဲ့ အယ်လ်ဂျာဇီးယားရုပ်သံက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်နိုင်ငံမရွေးချယ်မီ ရက်သတ္တပတ်သုံးပတ်အလိုတွင် FIFA နှင့် ဒေါ်လာသန်း ၄၀၀ တန်ဖိုးရှိ စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ တယ်လို့ သိရပါတယ်။

အယ်လ်ဂျာဇီးယားရုပ်သံက ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ကာတာနိုင်ငံအား ရွေးချယ်ပြီးပါက FIFA ဘဏ်စာရင်းသို့ ဒေါ်လာသန်း ၁၀၀ ပေးအပ်ရမည့်အချက်လည်း သဘောတူညီမှုရရှိခဲ့ကြောင်း The Sunday Times သတင်းဌာနက ဖော်ပြထားပါတယ်။
FIFA အနေဖြင့် ကာတာအစိုးရထံမှ ဒေါ်လာတစ်ဘီလျံနီးပါး ရရှိခဲ့ကြောင်း စွပ်စွဲမှုများရှိနေသော်လည်း ယင်းဖြစ်ရပ်အတွက် တုံ့ပြန်ဖြေရှင်းမှုမပြုလုပ် သေးဘူးလို့ သိရပါတယ်။






