BEC-TERO TV

ဆယ်တန်းမအောင်လို့နှိမ်တဲ့ကျောင်းသူကို ပညာရှိနည်းနဲ့ တုံ့ပြန်လိုက်တဲ့ အောက်ထက်

12 Mar 2019     1,729 Views


အနုပညာလောကမှာ အောက်ခြေကနေတက်လာပြီး ရုန်းကန်ကြိုးစားရင်းအောင်မြင်လာတဲ့သူတွေဒုနဲ့ဒေးပါ။ အခုလိုအောင်မြင်လာကြသူတွေထဲမှာ အိပ်မက်ဆုံရာ (ရာသက်ပန်) မှ ပရိတ်သတ်အသိအမှတ်ပြုကြတဲ့ အဆိုတော်အောင်ထက်တစ်ယောက်လဲ အပါအဝင်ဖြစ်ပါတယ်။

ဆယ်တန်းမပြီးသေးပဲ ပညာရေးတစ်ပိုင်းတစ်စနဲ့ လုံခြုံရေး ဝန်ထမ်းအဖြစ်ရပ်တည်ခဲ့ရတဲ့ အောက်ထက်ဟာအခုဆိုရင် အောင်မြင်တဲ့နိုင်ငံကျော်အဆိုတော်ကြီးဖြစ်နေပါပြီ။ ဒီလိုအောင်မြင်လာတဲ့ အောင်ထက်ကို လှုမှုကွန်ယက်မှာ ဆယ်တန်းမအောင်လို့ဆိုပြီး ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်လာပါတယ်။

အောင်ထက်ဟာပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က ရန်ကုန်တက္ကသိုလ် ကျောင်းသင်္ကြန်ပွဲမှာ သွားရောက်ဖျော်ဖြေခဲ့ပြီး သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာပုံအချို့ကိုတင်ခဲ့ပါတယ်။ အောင်ထက် တင်ခဲ့ပြီးနောက် မတင်ဝေဝေသော်အမည်ရှိသောကျောင်းသူမှ “နင်တို့လို ဆယ်တန်းမအောင်တဲ့ YU မတက်ဖူးတဲ့ အခွေတစ်ခွေတောင်မထွက်ဖူးပဲ သူများသီချင်းကို အရှက်မရှိလိုက်ဆိုနေသူတွေ တို့ကျောင်းကိုနောက်မလာပါနဲ့” ဆိုပြီးကွန်မန့်ပေးခဲ့ပါတယ်။

ထိုအဖြစ်အပျက်ကို အောင်ထက်က သူ၏လူမှုကွန်ယက်မှာပဲအောက်ပါအတိုင်းပြန်လည် ဖြေရှင်းထားပါတယ်။

ပရိတ်သတ်ကြီးရေ ဆယ်တန်းမအောင်ရုံလောက်နဲ့တော့ ဘဝကြီးကရှုံးမသွားပါဘူးနော်။ လူဆိုတာ သူ့နေရာနဲ့သူ ထူးချွန်တဲ့သူရှိပြီးသားပါ။ ဆယ်တန်းမအောင်ရုံလောက်နဲ့ ကျန်တဲ့အရာတွေဘာမှမလုပ်နိုင်ဘူးလို့ထင်ပြီး ကိုယ့်ဘဝကြီးကိုအရှုံးပေးစရာမလိုပါဘူးနော်။ အောင်ထက်ရဲ့ ပညာသားပါပါ ပြန်လည်ချေပလိုက်ပုံတွေကလဲ လေးစားအတုယူစရာပါပဲ။

(ပိုပိုလေး)


12 Mar 2019     1,729 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS