BEC-TERO TV

မိသားစုလိုကျ ငါးပူးတငျးငါး ခကြျစားရာမှ ကလေး ၂ ဦး သဆေုံး ၄ ဦး ဆေးရုံရောကျ

12 Mar 2019     2,309 Views


ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်တွင် မိသားစုလိုက် ငါးပူတင်ငါး ချက်စားပြီးနောက် ကလေးနှစ်ဦး သေဆုံးကာ လေးဦးဆေးရုံတင်ထားရကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
 
 
ဖြစ်စဉ်မှာ မတ်လ(၁၁)ရက်နေ့က လပွတ္တာမြို့နယ် ဘုန်းကြီးကုန်းကျေးရွာနေ စောဂျင်းဘတ် တို့မိသားစုဟာ လယ်ကွင်းထဲ ပိုက်ထောင်ရာမှ မိလာတဲ့ အစိမ်းရောင် ငါးပူတင်းငါး (၈)ကောင်ကို ချက်စားရာ ကနေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
 
ဖြစ်စဉ်ကြောင့် အသက်(၅)နှစ်နဲ့ (၁၂)နှစ် အရွယ် ကလေးနှစ်ဦးသေဆုံးခဲ့ကြောင်း ဘုန်းကြီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးက အတည်ပြုခဲ့ပြီး ကျန်တဲ့မိသားစုဝင် လေးဦးကို လပွတ္တာမြို့ (၃)မိုင်ဆေးရုံကို ပို့ဆောင်ထားပြီး အခြေအနေ စိုးရိမ်စရာမရှိတော့ကြောင်း သိရှိရသည်။
 
 
ယခုဖြစ်စဉ်ဟာ လပွတ္တာမြို့နယ်မှာ ပထမဆုံးအကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးမှုနဲ့ပတ်သက်၍ ကန်ဘက်နယ်မြေ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၉)နဲ့ အမှုဖွင့်ဆောင်ရွက်ထားပါတယ်။ 
 
 
ငါးပူတင်းငါးစားပြီး သေဆုံးမှုဖြစ်စဉ်များအရ ၂၀၁၅ ခုနှစ်ကလည်း တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့မှာ လူနှစ်ဦး၊ ၂၀၁၆ ခုနှစ်က လောင်းလုံမြို့နယ် သင်္ဘောဆိပ်ကျေးရွာမှာ လူနှစ်ဦး၊ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် ဂွမြို့နယ် ရွှေချိုင်ကျေးရွာမှာ လူသုံးဦး သေဆုံးခဲ့ဖူးကြောင်း သိရှိရသည်။
 
သတင်း - ကိုလတ်(ပုသိမ်)

 


12 Mar 2019     2,309 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS