BEC-TERO TV

ရီးရဲလ်ကိုပြောင်းလဲဖို့အတွက် ဇီဒန်းရဲ့ အဓိက ပစ်မှတ် ဖြစ်လာတဲ့ ဟာဇတ်

12 Mar 2019     1,518 Views


ရီးရဲလ်မက်ထရစ်အသင်းကို ချန်ပီယံလိဂ် ၃ နှစ်ဆက်ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ ပြင်သစ်သားကြီး ဇီဒန်းက ရီးရဲလ် ကို ပြန်လည်ကိုင်တွယ်တော့မှာဖြစ်တာကြောင့် ကစားသမား အပြောင်းအရွှေ့ တွေကို မြင်တွေ့ ရတော့မှာပါ။ ရာသီအစမှာ စပိန်လူမျိုးနည်းပြ လိုပယ်တယ်ဂူနဲ့ လတ်တလောထုတ်ပယ်ခံထားရတဲ့ ကစားသမားဟောင်း  နည်းပြ ဆိုလာရီနေရာကို ဇီဒန်းကို နဲ့ ပြန်လည်အစားထိုးနိုင်ခဲ့တာဖြစ်ပါတယ်။

 

ပထမဆုံး အနေနဲ့ ဇီဒန်းက ရီးရဲလ်အသင်းကို သူပြင်ဆင်ချင်နေတဲ့ ကစားသမား အပြောင်းအလဲ လုပ်ဖို့လည်း ရှိနေပြီး ချလ်ဆီးအသင်း မှ အဓိက ကစားသမား အီဒင် ဟာဇတ် ကို ဦးစားပေး  ခေါ်ယူသွားဖို့ရှိနေတယ်လို့သိရပါတယ်။ အသင်းမှလည်း အဓိက ကစားသမားတွေဖြစ်တဲ့ မာဆယ်လို၊ အစ္စကိုနဲ့ အဆန်စီယိုတို့ကို ဆက်လက် ထိန်းသိမ်းဖို့ ရှိနေပါတယ်။ ဇီဒန်းဟာ အပြာင်းအရွှ့ အသုံးစရိတ် ပေါင် သန်း ၃၀၀ အထိ အသုံးပြုခွင့် ရရှိထားပါတယ်။

အသက် ၂၈ နှစ်အရွယ် ဟာဇတ် ဟာလည်း ရီးရဲလ်အသင်းနဲ့ ဇီဒန်းလက်အောက်မှာ ကစားနိုင်ဖို့ဟာ သူရဲ့ ရည်မှန်းချက်ဖြစ်တယ်လို့ ဖွင့်ဟထားသူ တစ်ဦးဖြစ်ပါတယ်။ ချလ်ဆီးအသင်းဟာ နောင်နှစ်ရာသီမှ စပြီး ကစားသမား ဝယ်ယူခွင့် နှစ်ကြိမ်အထိ ပိတ်ခံထားရတာကြောင့် ရှိနေတဲ့ ကစားသမားတွေကို ဆက်ထိန်းထားဖို့လည်းရှိနေပါတယ်။ ရာသီကုန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်သွားရမှာပါ။


12 Mar 2019     1,518 Views




RELATED

Most Popular of Football

Most Popular of Sport