BEC-TERO TV

တိုက်ခန်း ၄ လွှာအပြင်ဘက် ထွက်ကျခဲ့တဲ့ ၅ နှစ်သားလေးကို အစ်မဖြစ်သူ ကြိုးစားကယ် (ရုပ်သံ)

12 Mar 2019     1,728 Views


မိဘတွေအနေနဲ့ အပြင်သွားခိုက် အုပ်ထိန်းသူမရှိပဲ ကလေးငယ်တွေကို အိမ်မှာ သော့ခတ်ပြီးထားခဲ့တာဟာ အင်မတန်အန္တရာယ်များတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အရေးပေါ်ပြဿနာတွေဖြစ်လာတဲ့အခါ ကလေးငယ်တွေရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်လို့ လုံးဝ မလုပ်သင့်ပါဘူး။
 
ရုပ်သံမှာ တိုက်ခန်း ၄ လွှာရဲ့ ဝရံတာအပြင်ဘက် အောက်ထပ်ရဲ့ ဆန်းရှိုတ်အမိုး ကျဉ်းကျဉ်းလေးပေါ်မှာ အသက် ၅ နှစ်အရွယ် ကောင်လေးတစ်ယောက် အပေါ်လည်းပြန်တက်လို့ မရပဲပိတ်မိနေပြီး အစ်မဖြစ်သူ အသက် ၈ နှစ်အရွယ် မိန်းကလေးက ပြုတ်ကိမသွားအောင် အပေါ်ကနေ လက်ကို တင်းတင်းဆွဲထားတဲ့ မြင်ကွင်းက အသည်းယားစရာကောင်းပါတယ်။
 
မိဘတွေက ကလေးနှစ်ဦးကို အိမ်ထဲထည့်ကာ အပြင်ကနေ သော့ပိတ်သွားစဉ် ကောင်လေးက ဝရံတာပေါက်ကနေ သူ့ရဲ့ဖိနပ်ပြုတ်ကျသွားတဲ့အတွက် ဆင်းကောက်ရာကနေ အပေါ်လည်းပြန်မတက်နိုင် အောက်လည်း ဆင်းလို့မရပဲ တိုက်ခန်းအပြင်ဘက်မှာ ပိတ်မိနေခဲ့ပါတယ်။
 
 
အိမ်နီးချင်းတွေ တွေ့ပြီး သွားကယ်ဖို့ ကြိုးစားပေမယ့် အိမ်တံခါး သော့ပိတ်ထားတာကြောင့် အထဲဝင်မရဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမှာ ရဲစခန်းကို အကြောင်းကြားခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့မလာခင်မှာ အိမ်နီးချင်းတွေက ကလေးပြုတ်ကျလာရင် ကယ်နိုင်အောင် အဝတ်စကြီးကို အောက်ကနေ ဝိုင်းခံထားကြတာကို တွေ့ရပါတယ်။
 
 
အဲဒီနောက် ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာပြီး အိမ်တံခါးကို ဖျက်ဝင် ကလေးကို ဝရံတာပေါက်ကတစ်ဆင့် ပြန်လည်ကယ်တင်နိုင်ခဲ့ပါတယ်။ ဖြစ်စဉ်အားလုံးပြီးမှ မိဘတွေလည်း ပြန်ရောက်လာခဲ့ပါတယ်။ ယခုလို ကလေးတွေကို အိမ်ထဲထည့်ပြီး ပိတ်ထားခဲ့မှုအတွက် မိဘတွေအနေနဲ့ အရေးယူခံရ၊ မခံရဆိုတာကိုတော့ မသိရသေးပါ။

12 Mar 2019     1,728 Views




RELATED

Most Popular of Special or Others

Most Popular of NEWS