Yoo In Na ကြောင့် “Touch Your Heart” မှာပါဝင်ဖို့ ဆုံးဖြတ်လိုက်တယ်ဆိုတဲ့ Lee Dong Wook
12 Mar 2019 1,732 Views

လတ်တလော tvN ရုပ်သံလိုင်းမှာထုတ်လွှင့်ပြသနေတဲ့ ဇာတ်လမ်းတွဲ Touch Your Heart ကိုပရိတ်သတ်တော်တော်များများအကြိုက်တွေ့လို့နေပါတယ်။
ဒီ Touch Your Heart ဇာတ်လမ်းတွဲမှာ မင်းသမီးနေရာက Yoo In Na ကိုပါဝင်ဖို့ အရင်ရွေးချယ်ခဲ့တာဖြစ်ပြီး Lee Dong Wook ကိုတော့နောက်မှကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ Lee Dong Wook ဟာ Touch Your Heart မှာပါဝင်ဖို့ လက်ခံခဲ့ပြီး သူပါဝင်သရုပ်ဆောင်ရတဲ့ အကြောင်းအရင်းက Yoo In Na နဲ့အတူ တွဲဖက်သရုပ်ဆောင်ချင်တာကြောင့် လို့ပြောကြားခဲ့ပါတယ်။
Lee Dong Wook နဲ့ Yoo In Na တို့ဟာ 2016 တုန်းက Goblin ဇာတ်ကားမှာလဲ အတူ တွဲဖက်သရုပ်ဆောင်ခဲ့ကြတာပါ။ လူသားမိန်းကလေးနဲ့ သေမင်းတို့ ချစ်ကြိုက်မိတဲ့အခါ လွဲတတ်တဲ့ အလွဲလေးတွေကို ဟာသ သဖွယ်သရုပ်ဆောင်ထားကြတာ လူအများအကြိုက်တွေ့ခဲ့ကြပါတယ်။
လက်ရှိ ထုတ်လွှင့်ပြသနေတဲ့ Touch Your Heart ဇာတ်လမ်းတွဲမှာလဲ နာမည်ကျသွားတဲ့ ရုပ်ရှင်မင်းသမီးချောနဲ့ အချစ်ကိစ္စတွေ သိပ်နားမလည်တဲ့ အူကြောင်ကြား ရှေ့နေတို့ကြားက အချစ်ဇာတ်လမ်းကို လိုက်ဖက်ညီစွာ သရုပ်ဆောင်ထားပါတယ်။
ဇာတ်ကားထဲမှာသရုပ်ဆောင်မှ မဟုတ်ပါဘူး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ ပြင်ပမှာလဲ သာမန်ထက်ပိုပြီး ခင်မင်ရင်းနှီးမှုရှိတာမျိုးတွေ့ရမှာပါ။ သူတို့နှစ်ယောက်ရဲ့ moment တွေကို မြင်ရတာကလဲ သဘောတူချင်စရာပါပဲနော်။
(ပိုပိုလေး)