BEC-TERO TV

လတ်တလော ရေပန်းစားနေတဲ့ အမှိုက်သိမ်း Challenge မှာပါဝင်လိုက်တဲ့ အောင်မြင့်မြတ်

13 Mar 2019     1,738 Views


တက်သစ်စမင်းသားအောင်မြင့်မြတ်ဟာဆိုရင် “ဥပါယ်တံမျဉ်” ရုပ်ရှင်ကားကြီးနဲ့ လူသိများခဲ့တာပဲဖြစ်ပါတယ်။ အောင်မြင့်မြတ်ဟာ ဖေဖော်ဝါရီလ နှောင်းပိုင်း မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးသွားတဲ့ Line Walker 2 ရုပ်ရှင်ကားကြီးမှာ Swag တစ်ယောက်အနေနဲ့ပါဝင်ဖို့ ရွေးချယ်ခံခဲ့ရသူတစ်ဦးလဲဖြစ်ပါတယ်။

လတ်တလော မြန်မာနိုင်ငံက လူငယ်တွေကြားမှာ Challenge လေးတစ်ခုရေပန်းစားနေတာပါ။ အဲ့ဒီ Challenge ကတော့ အမှိုက်ပုံရှိတဲ့နေရာကို လူငယ်တွေသွားပြီး Before and After အမှိုက်မသိမ်းမီ နဲ့ အမှိုက်သိမ်းပြီးကို ဓာတ်ပုံရိုက် Challenge လုပ်ကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေကြားထဲမှာ ဒီလို Challenge လေးခေတ်စားလာတာ ဝမ်းသာကြည်နူးစရာပါပဲ။

အောင်မြင့်မြတ်နဲ့ သူငယ်ချင်းတစ်သိုက်ကလဲ အမှိုက်သိမ်းတဲ့ Challenge ကို အတူတကွလုပ်ဆောင်ခဲ့ကြတာပါ။ အောင်မြင့်မြတ်အပါအဝင် သူငယ်ချင်း ၇ ယောက်ဟာ နောက်ဖေးလမ်းကြား နီးပါးဖြစ်နေတဲ့ အမှိုက်တွေ၊ ရေဆိုးရေညစ်တွေကို ရှင်းခဲ့ကြပြီး အမှိုက်တွေများလွန်းလို့ မြေကြီးက မြေကြီးမဟုတ်တော့ပဲ ပေါက်ပြားနဲ့ပေါက်လိုက်ရင် ကြွက်တွင်းတို့ တီကောင်သိုက်တို့ပါ ပါလာတယ်လို့ဆိုထားပါတယ်။

ဘယ်လိုပဲ အမှိုက်ပုံကြီး ကြီးပါစေ အောင်မြင့်မြင်တို့ သူငယ်ချင်းတစ်သိုက်ကတော့ ရှင်းလင်းသွားအောင်လုပ်နိုင်ခဲ့ပါတယ်။ သာမန် လူငယ်တွေဒီလို Challenge မျိုးတွေကို လုပ်နေတာတောင် လိုက်လုပ်ကြတဲ့ သူတွေများလာပါတယ်။ အခုလို နာမည်ကြီးမင်းသားတစ်ယောက်က စလုပ်ပြတယ်ဆိုတော့ နောက်ကလိုက်လုပ်တဲ့လူတွေများလာမှာ အမှန်ပါပဲ။ နောင်ကျရင် အမှိုက်တွေကို စည်းကမ်းမရှိ လျှောက်ပစ်တာမျိုးတွေ လျော့နည်းလာမယ်လို့ မျှော်လင့်မိပါတယ်။

အောင်မြင့်မြတ်ကလဲ “ကျွန်တော်တို့နဲ့ လာပူးပေါင်းမှမဟုတ်ပါဘူး၊ ခင်ဗျားတို့ရဲ့ ပတ်ဝန်းကျင်၊ ကျွန်တော်တို့ရဲ့ အနာဂတ်အိမ်လေးကို ကိုယ်နိုင်တဲ့အားနဲ့ တတ်စွမ်းသမျှ အလှဆင်ကြရအောင်ဗျား” ဆိုပြီး တိုက်တွန်းထားပါတယ်။

ပရိတ်သတ်ကြီးရေ အောင်မြင့်မြတ်ရဲ့လုပ်ရပ်ကိုလေးစားစရာကောင်းလှပါတယ်နော်။ ပရိတ်သတ်ကြီးရဲ့ ထင်မြင်ချက်လေးတွေလဲရေးသွားကြပါဦး။

(ပိုပိုလေး)


13 Mar 2019     1,738 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS