အက်သလက်တီကို နည်းပြ ဆီမြွန်နီ ကို ပြန်လည်တုံ့ပြန်အောင်ပွဲခံခဲ့တဲ့ ရော်နယ်ဒို
13 Mar 2019 1,668 Views

အက်သလက်တီကိုအသင်းရဲ့ နည်းပြ ဆီမြွန်နီဟာ အိမ်ကွင်းမှာ ဂျူဗင်တပ်စ်ကို ၂-၀ ဖြင့်အနိုင်ရရှိတဲ့ ပွဲမှာ Big Balls အကနဲ့ အောင်ပွဲခံပါတယ်။ ရော်နယ်ဒိုက အိမ်ကွင်းမှာ ဟက်ထရစ် သွင်းဂိုး နဲ့အနိင်ရရှိခဲ့ပြီးနောက် အက်သလက်နည်းပြ ဆီမြွန်နီ အောင်ပွဲခံတဲ့ ပုံစံအတိုင်းတုံ့ပြန် အောင်ပွဲခံခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ် ရော်နယ်ဒိုဟာ ရီးရဲလ်မှ ပေါင် ၁၀၀ နဲ့ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွေ့ လာပြီး ယနေ့ပွဲမှာ သူရဲ့ တန်ကြေးကို ပြသခဲ့တာဖြစ်ပါတယ်။သူရဲ့ အသင်းဟောင်းဖြစ်တဲ့ ရီးရဲလ် အသင်းကတော့ ရော်နယ်ဒို မရှိတော့တာနဲ့ အံ့အားသင်ဖွယ် ၁၆ သင်းအဆင့်မှာတင် အေဂျက်စ်ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရပါတယ်။

ဒီလို့ အစဉ်အလာကြီးမားတဲ့ ချန်ပီယံလိဂ်မှာ ရီးရဲလ်အသင်းကို ဖလား ၃ ကြိမ်ဆက်ရရှိအောင်စွမ်ဆောင် ပေးထားနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ရော်နယ်ဒိုကို မစ္စတာချန်ပီယံလိဂ် လို့ ဖန်များက တင်စားခေါ်ခဲ့ကြတာ့ဖြစ်ပါတယ်။






