ဒဂုံတက္ကသိုလ်ရေသဘင်ပွဲမှာ ဖူးပွင့်စပိတောက်ပန်းလေးလို လန်းဆန်းနေတဲ့ Mary
13 Mar 2019 1,635 Views

“ဝဲ” သီချင်းပိုင်ရှင် Mary ဟာသူမရဲ့ ထူးခြားတဲ့ အသံစွမ်းအား လူကြိုက်များလာသူတစ်ဦးပါ။ Mary ဟာ အွန်လိုင်းမှာ “ဝဲ” သီချင်းကြောင့် နာမည်ကြီးလာရာက မြန်မာနိုင်ငံက နာမည်ကြီးအဆိုတော်များနဲ့ တွဲဖက်ပြီး သီချင်းတွေဆိုလာခဲ့ပါတယ်။
လက်ရှိ The Voice Myanmar Season 2 မှာဒိုင်တစ်ယောက်အဖြစ်ပါဝင်နေတဲ့ ကိုကျားပေါက်နဲ့လဲ Accident ဆိုတဲ့ သီချင်းလေးကို တွဲဖက်သီဆိုထားပါသေးတယ်။
Mary ဟာဒီနောက်ပိုင်း တစ်စထက်တစ်စအောင်မြင်လာခဲ့ပါတယ်။ Show ပွဲတော်တော်များများမှာ Mary ပါဝင်လာပြီး Brand တော်တော်များများရဲ့ Ambassador အဖြစ်ခန့်အပ်ခြင်းလဲခံထားရသူတစ်ဦးပါ။
Mary ဟာပြီးခဲ့တဲ့ ရက်ကပြုလုပ်ခဲ့တဲ့ ဒဂုံတက္ကသိုလ်အတာရေသဘင်ပွဲကြီးမှာ သွားရောက်ဖျော်ဖြေခဲ့ပါတယ်။ ဒဂုံတက္ကသိုလ်က သူတို့ရဲ့ အတာရေသဘင်ပွဲကို “ ပြုံးပန်းဝေဆင် တော်ဝင်ရေသဘင်” ဆိုပြီးနာမည်ပေးထားတာပါ။ Mary အပါအဝင် နန်းစုရတီစိုး၊ Project K ၊ G-Fatt ၊ သာဒီးလူ၊ မိုးထက် တို့က တော်ဝင်ရေသဘင်မှာ လာရောက်ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။
ကျောင်းသင်္ကြန်ပွဲမှာ ဝတ်စားထားတဲ့ Mary ရဲ့ ပေါ့ပါးလန်းဆန်းတဲ့ ဖက်ရှင်စတိုင်က ကျောင်းသားများရဲ့ ရင်ကိုလှုပ်ခါသွားစေတယ်နဲ့တူပါတယ်။ Mary ကိုစင်အောက်ကနေ ကျောင်းသား၊ ကျောင်းသူတွေ တခဲနက်အားပေးတာကို ကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်။
ပရိတ်သတ်ကြီးရေ နွေဦးမှာ ပိတောက်ပန်းလေးလို တောက်ပလန်းဆန်းနေတဲ့ Mary ဟာ ချစ်ဖို့ကောင်းတယ်မထင်မိဘူးလား။
Photo Credit- Sue Kxet Creation
(ပိုပိုလေး)