BEC-TERO TV

Bikini ၀မ်းဆက်နဲ့ သူမရဲ့အဆီမရှိတဲ့ဘော်ဒီလေးကို လှုပ်ခါရမ်းပြပြီး ဆွဲဆောင်လိုက်တဲ့ စူးရှထက်ရဲ့ဗီဒီယို

13 Mar 2019     1,737 Views


အနုပညာလောကထဲမှာ နေရာတစ်နေရာရရှိထားပြီဖြစ်တဲ့ မော်ဒယ်စူးရှထက်ကတော့ ပရိသတ်တွေရဲ့သနားဂရုဏာသက်မှုနဲ့အတူ ချစ်ခြင်းမေတ္တာတွေကိုပါရရှိခဲ့သူလေးပါ။ အတိတ်ကပုံရိပ်ဆိုးတစ်ခုကြောင့် လူသိများလာခဲ့တာဖြစ်ပေမယ့် ယခုချိန်မှာတော့ အနုပညာအလုပ်တွေကို အကောင်းဆုံးလုပ်ကိုင်နေသူဖြစ်တာကြောင့် ပရိသတ်ရဲ့အားပေးမှုတွေက ပိုလာခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် ကျစ်လစ်လှပပြီး ဆွဲဆောင်မှုရှိတဲ့ကောက်ကြောင်းကိုပိုင်ဆိုင်ထားသူလေးဖြစ်တာကြောင့် ပုရိဿတွေရဲ့တစ်ခဲနက်ဝန်းရံအားပေးခြင်းကို ခံထားရသူလေးဖြစ်ပါတယ်။ ဘေဘီမွစိလို့ ချစ်စနိုးခေါ်ကြတဲ့ စူးရှထက်ကတော့ မိဘအပေါ်မှာလည်း လိမ္မာသိတတ်တဲ့သမီးကောင်းရတနာလေးဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်း ရတဲ့အနုပညာကြေးတွေထဲကနေ မိဘကိုထောက်ပံ့ရင်း လုပ်ကိုင်ကျွေးမွေးနေသူလေးဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ ပရိသတ်တွေက သူမကိုချစ်သထက်ချစ်လာကြတာဖြစ်ပါတယ်။

စူးရှထက်ကတော့ သူမကိုအားပေးနေတဲ့ ပရိသတ်တွေနဲ့အဆက်မပြတ်စေဖို့ မကြာခဏဆိုသလို ဆွဲဆောင်မှုအပြည့်နဲ့ အမိုက်စားပုံရိပ်တွေကိုမျှဝေပေးလေ့ရှိပါတယ်။ တစ်ခါတစ်ရံ အပျင်းပြေဆော့ထားတဲ့ Tik Tok ဗီဒီယိုလေးတွေနဲ့လည်း ပရိသတ်ကြီးကိုမရိုးရအောင် ဖမ်းစားနေသူဖြစ်ပါတယ်။ ခပ်မိုက်မိုက်စတိုင်နဲ့ ပုရိဿတွေရင်ခုန်အောင် အမြဲဖမ်းစားလေ့ရှိတဲ့ စူးရှထက်ကတော့ ယခုလည်း သူမရဲ့ကောက်ကြောင်းအလှတို့နဲ့ ဖမ်းစားလိုက်ပြန်ပါပြီ။

ရေကူးကန်ထဲမှာ ရေစိမ်နေတဲ့ စူးရှထက်တစ်ယောက် Bikini ၀မ်းဆက်လေးနဲ့ အဆီပိုမရှိလှပနေတဲ့ သူမရဲ့ခန္ဓာကိုယ်လေးကို ဘယ်ညာလှည့်ပြီး ရင်ခုန်သံတွေမြန်အောင်လုပ်လိုက်တာပဲဖြစ်ပါတယ်။ လှပတဲ့ကောက်ကြောင်းတွေရဲ့အောက်မှာ မျောပါသွားရမယ့် စူးရှထက်ရဲ့ Tik Tok ဗီဒီယိုလေးကိုမျှဝေပေးလိုက်ပါတယ်။

(ပိုပိုလေး)

 


13 Mar 2019     1,737 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment