BEC-TERO TV

အံ့သြစရာကောင်းလွန်းတဲ့ လူသားကဏန်းပေါင်းစက် (ရုပ်သံ)

13 Mar 2019     2,078 Views


Asia Got Talent အစီစဉ်မှာ ဝင်ရောက်ယှဉ်ပြိုင်သွားတဲ့ အသက် ၁၅ နှစ်အရွယ် ကျောင်းသားဖြစ်တဲ့ “လူသားကဏန်းပေါင်းစက်” က ပရိသတ်တွေနဲ့ ဒိုင်တွေအားလုံးကို “ဝိုး” လို့ အာမေဋိတ်ပြုရတဲ့ထိ ကဏန်းပေါင်းစက်ထက် သာလွန်လျှင်မြန်စွာ တွက်ချက်ပြသွားခဲ့တာကို တအံ့တသြတွေ့ခဲ့ရပါတယ်။
 
သင်္ချာဆိုတာ ဘယ်လောက် ပျော်စရာကောင်းလဲဆိုတာ လက်တွေ့ပြချင်တယ်လို့ မလေးရှားနိုင်ငံက “ရာရွှင်းဆာရာဝါနာ” က ဆိုပါတယ်။ သူ့ရဲ့တင်ဆက်မှုမှာ ဒိုင်လူကြီးတွေ စိတ်ကြိုက်ရွေးချယ်တဲ့ ကဏန်းအတွဲတွေကို အပေါင်း၊ အနုတ်၊ အမြောက်၊ အစား အားလုံးနဲ့ ကဏန်းပေါင်းစက်က အဖြေမထုတ်မီမှာ တတွက်တွက်နဲ့ ဆက်တိုက် ပြောသွားတဲ့အတွက် ဒိုင်တွေနဲ့ ပရိသတ်တွေ အံ့သြခဲ့ရပါတယ်။
 
 
သူ့ကို ကြည့်ပြီး Myanmar’s Got Talent Season 4 မှာ ဝင်ရောက် ယှဉ်ပြိုင်သွားခဲ့တဲ့ ပြိုင်ပွဲဝင် “ရာရှင်းသန့်” ကိုတောင် သတိရမိသွားပါတယ်။ သင်္ချာပါရမီရှင်နှစ်ဦးရဲ့ အမည်ကလည်း ထူးဆန်းစွာနဲ့ ခပ်ဆင်ဆင်တူတယ်နော် “ရာရှင်းသန့်” နဲ့ “ရာရွှင်းဆာရာဝါနာ”..။ 
 
 
ယခုလာမယ့် Myanmar’s Got Talent မှာလည်း သူတို့လို သင်္ချာပါရမီရှင် ထပ်မံပေါ်ထွက်လာဦးမလားဆိုတာ စိတ်ဝင်စားစရာပါ။
 

13 Mar 2019     2,078 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment