BEC-TERO TV

စိတ်ဖိစီးမှုကိုအစားအစာဖြင့်ဖြေလျှော့ခြင်းအကြောင်းသိကောင်းစရာများ

19 Aug 2015     1,309 Views


စိတ်ဖိစီးမှုမှာနှစ်မျိုးနှစ်စားခွဲခြားထားလို့ရပါတယ်။မိမိကိုယ်မိမိစိတ်မထိန်းနိုင်တာ ၊ကြုံတွေ့ရတဲ့ပြသာနာကိုမဖြေရှင်းနိုင်တာ ၊မိမိမျှော်လင့်တဲ့အတိုင်းဖြစ်မလာတဲ့အခါ စိတ်သောကရောက်တာတွေဖြစ်တက်ပါတယ်။အိမ်ထောင်ရေးပြသာနာတွေ ၊ကလေးမီးဖွားပြီးတဲ့အခါဖြစ်ပေါ်တဲ့ စိတ်ကျတာတွေ ထိုင်းမှိုင်းတာတွေလဲ ဖြစ်နိုင်ပါတယ်။စိတ်ဖိစီးမှုဒဏ်ကြောင့် မိမိရဲ့ စိတ်ပိုင်းဆိုင်ရာအရစိတ်ပူပန်တာတွေ ၊စိတ်ရှုပ်ထွေးလာတာတွေ ၊ခံနိုင်ရည်မရှိတာမျိုးတွေဖြစ်လာနိုင်ပါတယ်။
 
မိမိရဲ့ရုပ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာမှာလဲ ခေါင်းကိုက်တာတွေအားနည်းတာတွေ ကြွက်သားဟာ အသုံးမပြုပဲ နာကျင်တာတွေ၊အကြောင်းမရှိပဲ ညောင်းကိုက်တာတွေ ၊အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ပုံမှန်လှုပ်ရှားမှုမဖြစ်နိုင်တာမျိုးတွေ ၊သွေးတိုးတာတွေ ၊အသက်ရှူရန်ခက်ခဲတာတွေဖြစ်နိုင်ပါတယ် ကူသမှုမခံယူပဲ ထားရင်ပိုပြီးလဲ ပြင်းထန်လာနိုင်ပါတယ်။စိတ်ဖိစီးမှုများနေရင် ကိုယ်ခံအားကိုလဲ ထိခိုက်စေနိုင်ပါတယ်။
 
အလွယ်တကူရောဂါပိုးတွေဝင်လာတာမျိုး ခဏခဏနေမကောင်းဖြစ်တာမျိုးတွေလဲ ဖြစ်လာနိုင်ပါတယ်။အိပ်ရေးပျက်တာတွေ အားနည်းတာတွေ ၊အာရုံစူးစိုက်မှုနည်း တဲ့ ပြသာနာတွေလဲ ဖြစ်လာနိုင်ပါတယ်။ထို့ကြောင့်ပြသာနာတွေ မဖြစ်လာခင်မှာ ကြိုတင်ကုသထားဖို့ အရေးကြီးပါတယ်။စိတ်ဖိစီးမှုဒဏ်ကို သက်သာစေနိုင်မဲ့အစားအသောက်အနေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အာဟာရဓာတ်များစွာပါဝင်ပါတယ်။ပါဝင်တဲ့ဓာတ်တွေက ခန္ဓာကိုယ်အတွက်ခုခံအားစနစ်ကိုပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။
 
အမျှင်ပါတဲ့အစားအသောက်တွေကအစာချေစနစ်ကိုကောင်းမွန်စေပြီး အစာအိမ်နဲ့ အူလမ်းကြောင်းလှုပ်ရှားသွားလာမှုကို အထောက်အကူပြုပါတယ်။ကန်စွန်းဥ ၊အာလူး ၊ရွှေဖရုံ သီးတွေကလဲ ဦးနှောက်ကိုထိုင်းမှိုုင်းတာတွေလျှော့ကျစေပါတယ်။သွေးထဲမှာရှိတဲ့သကြားဓာတ်ကိုလဲ ထိန်းသိမ်းပေးပါတယ်။ဆေးဖက်ဝင်တဲ့ စပါးလင် ၊ဂျင်း ၊ကြက်သွန်ဖြူ ၊နနွင်း ၊မြင်းခွာရွက် တွေက စိတ်ဖိစီးမှုကိုများစွာလျှော့ကျစေပါတယ်။ပင်လယ်ငါးတွေက ရတဲ့ Omega 3 ကိုလဲ ပုံမှန်စားသောက်သင့်ပါတယ်။ Omega 3 ပုံမှန်စားသောက်တဲ့သူဟာစိတ်ကိုပိုပြီးထိန်းချုပ်နိုင်ပါတယ်။
 
သွေးကြောကျင်းတာတွေ ၊နှလုံးရောဂါဖြစ်တာတွေကိုလဲလျှော့ကျစေပါပြီး ကိုယ်ခံအားကိုလဲပိုပြီးကောင်းမွန်လာစေနိုင်ပါတယ်။နို့ ၊ဒိန်ချဉ် ၊ဒိန်ခဲ ၊ရေခဲမုန့် တွေမှာပါတဲ့ နို့တွေဟာ ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်စေပြီး စိတ်ဖိစီးမှုဒဏ်ကိုလဲလျှော့ကျစေပါတယ်။ ရေဟာ လဲ အရမ်းအရေးကြီးပါတယ်ထို့ကြောင့် ရေကိုအနည်းဆုံးဖန်ခွက် ရခွက် ၈ခွက်သောက်သုံးရပါမယ်။ နေထိုင်ပုံ အနေနဲ့ လဲ မနက်ထပြီး နာရီဝက်အတွင်းမနက်စာကိုစားသောက်ပေးရမယ် ။ စားသောက်တဲ့အခါ ဘာမှမစားခင်ကော်ဖီသောက်သုံးခြင်းကို ရှောင်ရမယ်။
 
စိတ်ဖိစီးမှုများနေတဲ့အချိန်မှာ ဂတ်စ် ပါတဲအရည်တွေ  ၊အယ်ကိုဟော ပါတဲ့အရည်တွေ သောက်ခြင်းကနေရှောင်ရပါမယ်။ စိတ်ဖိစီးမှုများတဲ့အခါ ခန္ဓာကိုယ်မှာဘယ်လိုတွေဖြစ်ပျက်ပြောင်းလဲမယ် ဆိုတာ သိမယ်၊ ဘယ်လိုအစားအသောက်တွေဟာ ပြန်လည်ကောင်းမွန်လာစေပြီးကာကွယ်ပေးမယ်ဆိုတာသိရင် စိတ်ဖိစီးမှုကိုအသက်သာဆုံးနေနိုင်မှာဖြစ်ပါတယ်

19 Aug 2015     1,309 Views




RELATED

Most Popular of Health Fix

Most Popular of Life Style