ဖြိုးမြတ်အောင် ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ ခုပ်ပီးရဲ့ သီချင်း MTV
14 Mar 2019 1,939 Views

Myanmar Idol Season 3 ရဲ့ Winner ဖြိုးမြတ်အောင်ဟာ သီချင်းဆို ကောင်းရုံသာမက သရုပ်ဆောင်လဲပီပြင်တယ်ဆိုတာ ပြသလိုက်ပါပြီ။

ဖြိုးမြတ်အောင်ဟာ အဆိုတော် ခုပ်ပီး ရဲ့ ပကတိအယ်လ်ဘမ်ထဲက ‘မရက်စက်ပါနဲ့’ သီချင်းမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီသီချင်းထဲမှာ ဖြိုးမြတ်အောင်နဲ့အတူ သရုပ်ဆောင်ထားသူကတော့ ကရင်မလေး နော်ဖောအယ်ထားပဲဖြစ်ပါတယ်။


‘မရက်စက်ပါနဲ့’ သီချင်းဟာ လမ်းခွဲချင်တဲ့ ချစ်သူကောင်မလေးကို ထွက်မသွားဖို့ တောင်းပန်တဲ့ ပုံစံလေးပါ။ ဒီသီချင်းလေးမှာ ဖြိုးမြတ်အောင်က ကိုယ့်ချစ်သူအနားက ထွက်သွားမှာကို ကြောက်ရွံ့နေတဲ့ကောင်လေးအဖြစ် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။


ဖြိုးမြတ်အောင်ရဲ့ အကြည့်တွေ၊ အပြုအမူတွေဟာ သူ သရုပ်ဆောင်တဲ့နေရာမှာလဲ ခေသူတစ်ဦးမဟုတ်ဘူးဆိုတာပြသနေပါတယ်။ သီချင်းလေးက အဆွေးသီချင်းလေးဖြစ်ပြီး ဖြိုးမြတ်အောင်နဲ့ နော်ဖောအယ်ထားတို့ နှစ်ယောက်လုံး လိုက်ဖက်ညီစွာ သရုပ်ဆောင်ထားတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ကြည့်ရှုခံစား နားဆင်ကြည့်လိုက်ကြပါဦး။
(ပိုပိုလေး)







