BEC-TERO TV

“မျက်စိပါအစာကျွေးနိုင်ပါတယ်ရှင့်” ဆိုတဲ့ အဝေးပြေလမ်းပေါ်က အကင်ဆိုင်

14 Mar 2019     1,717 Views


ထိုင်ဝမ်မှာရှိတဲ့ BBQ အကင်ဆိုင်လေးဟာ လတ်တလော အွန်လိုင်းမှာ အရမ်းနာမည်ကြီးနေပြီး ပုရိသတွေကို ဆွဲဆောင်နေပါတယ်။ “ဘာဘီကျူးဘုရင်မ” ဆိုတဲ့ အကောင့်နဲ့ လူမှုကွန်ယက်ကနေ တင်လိုက်တဲ့ ရုပ်သံဟာ တခဏအတွင်းမှာ လျှပ်စီးလက်သလို ပျံ့နှံ့ခဲ့ပါတယ်။
 
 
 
မတ်လ ၅ ရက်နေ့က တင်ခဲ့တဲ့ ရုပ်သံဟာ ကြည့်ရှုသူ ၂ သိန်းနီးပါးရှိနေပြီး အစားအသောက်ထက် ဆိုင်ထဲမှာ လှုပ်ရှားသွားလာပြီး စားသုံးသူတွေကို အကင်နဲ့ ဧည့်ခံနေတဲ့ ဆိုင်ရှင်အမျိုးသမီးကို ပိုပြီး စိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်။
 
 
“ဘာဘီကျူးဘုရင်မ” ရဲ့အမည်ရင်းက “Rou Yan” ဖြစ်ပြီး မော်ဒယ်လုပ်ခဲ့ဖူးသူဖြစ်ပါတယ်။ အသက် ၃၆ နှစ်ရှိပြီဖြစ်ပြီး သူမရဲ့ နှစ်လိုဖွယ်အပြုံးနဲ့ အမျိုးသမီးပီသတဲ့ ရှိုက်ဖိုကြီးငယ်တို့က စားသုံးသူတွေကို အစာအိမ်တင်မဟုတ် မျက်စိပါအစာကျွေးနိုင်ပါတယ်လို့ ပျူငှာလိုက်တာဖြစ်ပါတယ်။
 
 
သူမရဲ့အကင်ဆိုင်ကတော့ ထိုင်ဝမ်မှာရှိတဲ့ အလီရှန်အဝေးပြေးလမ်းမကြီးရဲ့နံဘေး လှပတဲ့ ရှုခင်းတွေ နောက်ခံပြီး ဖွင့်ထားပါတယ်။ ထိုင်ဝမ်ရောက်တဲ့အခါ လာလည်ကြပါဦးတဲ့။
 

14 Mar 2019     1,717 Views




RELATED

Most Popular of Special or Others

Most Popular of NEWS