BEC-TERO TV

ဗီဒီယိုဖိုင်တွေထွက်နေတယ်ဆိုပြီး လူပြောများနေတဲ့အပေါ် ဖြေရှင်းလိုက်တဲ့ ယွန်းယွန်း

14 Mar 2019     13,262 Views


ကလေးသရုပ်ဆောင်ဘ၀လေးထဲက ပရိသတ်တွေချစ်ခဲ့၊ အားပေးခဲ့ကြရတဲ့ သရုပ်ဆောင်ယွန်းယွန်းဟာဆိုရင် ယခုချိန်မှာတော့ အရောင်အသွေးတို့စုံလင်လှပတဲ့ ပန်းကလေးတစ်ပွင့်လို လှသွေးကြွယ်ဖူးပွင့်နေတဲ့ မိန်းမပျိုလေးဖြစ်လို့နေပါပြီ။ ကလေးဘ၀ထဲက သရုပ်ဆောင်အလွန်ကောင်းတာကြောင့်ပင် အကယ်ဒမီဆုကိုငယ်ငယ်ရွယ်ရွယ်နဲ့ပိုင်ဆိုင်ထားခဲ့တာလည်းဖြစ်ပါတယ်။ သူမနှစ်သက်မြတ်နိုးရတဲ့ ဆံနွယ်ရှည်ကြီးကိုလည်း ယနေ့တိုင်အမြတ်တနိုးတန်ဖိုးထားထိန်းသိမ်းနေတာကြောင့် ယွန်းယွန်းဆိုရင် ဆံနွယ်ရှည်ကြီးနဲ့ ချစ်စရာကောင်မလေးကိုပြေးမြင်မိသည်အထိ သူမရဲ့ထူးခြားမှုတစ်ခုဖြစ်လို့နေပါတယ်။

လှသွေးကြွယ် ဖူးပွင့်စုံတဲ့အရွယ်မို့ သူမရဲ့အလှတို့မှာနစ်မြောကာ အခိုင်အမာဝန်းရံနေကြတဲ့ပုရိဿအပေါင်းက အခိုင်အမာပါပဲ။ အချစ်နဲ့ထိတွေ့တဲ့အရွယ်ရောက်ပြီမို့ ယွန်းယွန်းက သူမမှာချစ်သူရှိနေပြီဆိုတဲ့အကြောင်းကို တရားဝင်ထုတ်ပြလိုက်ချိန်မှာတော့ သူမကိုဝန်းရံနေကြတဲ့ ယောကျာ်းထုကြီးအားလုံး အသဲတွေကြေမွသွားခဲ့ရပါတယ်။ ။ အဆိုတော်အုပ်စိုးခန့်နဲ့ ချစ်သူတွေဖြစ်နေကြပြီဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာကြာပြီဖြစ်ပေမယ့်လည်း မကြာသေးခင်ကမှ အုပ်စိုးခန့်နဲ့ရည်းစားတွေဖြစ်နေကြောင်းကို အတိအလင်းထုတ်ပြလိုက်တာဖြစ်ပါတယ်။

အုပ်စိုးခန့်နဲ့ရည်စားတွေဖြစ်နေကြောင်း ထုတ်ပြလိုက်ပြီးနောက်မှာပဲ ယွန်းယွန်းနဲ့အုပ်စိုးခန့်တို့ရဲ့ ဗီဒီယိုတွေထွက်ပေါ်နေတယ်လို့ ဖေ့စ်ဘွတ်တစ်ခွင်မှာသတင်းတွေပျံ့နှံ့လို့လာကာ ပရိသတ်တွေကြားဝေဖန်မှုတွေဖြစ်ပေါ်နေပါတယ်။ ဒါ့အပြင် ပရိသတ်တွေထဲကတစ်ယောက်က ယွန်းယွန်းရဲ့ ဓာတ်ပုံတစ်ခုကိုပြသရင်း ကောမန့်ရေးကာ လူပြောများနေတဲ့သတင်းဗီဒီယိုဟုတ်မဟုတ်ကို မေးမြန်းလိုက်တာပဲဖြစ်ပါတယ်။ ထိုအမေးကိုတော့ ယွန်းယွန်းကပြန်လည်ဖြေရှင်းရေးသားလိုက်ပါတယ်။

ထိုကောမန့်ရဲ့အောက်မှာပဲ ယွန်းယွန်းက “အဲ့တာ ယွန်း အင်စတာဂရမ်မှာတင်ထားတဲ့ပုံပါ၊ ဘာဗီဒီယိုမှ မဟုတ်ပါဘူးရှင်” ဆိုပြီး စိတ်မကောင်းဖြစ်စွာနဲ့ ကောမန့်ပြန်လည်ရေးသားထားတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးရေ...ယွန်းယွန်းကတော့ သူမ အင်စတာဂရမ်မှာတင်ထားတဲ့ ပုံလေးက ပရိသတ်တွေထင်မြင်နေကြသလိုမျိုးမဟုတ်ဘူးဆိုတာကို ပြန်လည်ဖြေရှင်းလိုက်ပြီမို့ ယွန်းအပေါ်အရင်အတိုင်းပဲ ဆက်ချစ်ပေးလိုက်ကြပါနော်...

(ပိုပိုလေး)

 


14 Mar 2019     13,262 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS