BEC-TERO TV

ရည်းစားကို ဓားနဲ့ထိုးပြီး မသေပါနဲ့ဦးလို့ တောင်းပန်နေတဲ့ အမျိုးသမီး (ရုပ်သံ)

14 Mar 2019     2,362 Views


လမ်းကြားတစ်နေရာမှာ ရည်းစားဖြစ်သူ အမျိုးသားရဲ့ ဗိုက်ကို ကိုယ်တိုင် အကြိမ်ကြိမ် ဓါးနဲ့ထိုးခဲ့ပြီးနောက် သွေးအလိမ်းလိမ်းဖြစ်နေစဉ်မှာ ပွေ့ထားပြီး “မသေပါနဲ့ဦး” လို့ တဖွဖွပြောပြီး နမ်းနေတဲ့ ကောင်မလေးရဲ့ ရုပ်သံဟာ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့သလို ဖမ်းဆီးလည်းခံခဲ့ရပါတယ်။
 
ဖြစ်စဉ်မှာ မက္ကစီကိုနိုင်ငံ Hotel La Cascada ရဲ့ အပြင်ဘက်မှာ ဖြစ်ပွားခဲ့တာပါ။ Erick နဲ့ Sonia တို့ဟာ ချစ်သူသဘာဝစကားများကြရာမှ ဓါးထိုးမှုဖြစ်ခဲ့တာပါ။ ရုပ်သံပါ စကားပြောဆိုသံများအရ အမျိုးသမီးဖြစ်တဲ့ Sonia က “သူ ကျမကိုရိုက်တယ်၊ သတ်ဖို့လည်း ကြိုးစားတယ်” လို့ ပြောစဉ် Erick က “မင်းအမှန်ကိုသာ ပြောပါ” လို့ တောင်းဆိုနေပါတယ်။
 
ဒီအချိန်မှာ Sonia က “ကျမကို ခွင့်လွှတ်ပါ၊ မသေပါနဲ့နော်” လို့ ပွေ့ဖက်ပြောဆိုခဲ့ပါတယ်။ အမျိုးသားက ဘေးနားကလူတွေကို “သူ ကျွန်တော့ကို သတ်သတ်ချင်နေတာ” လို့ ပြောတဲ့အခါ “ကျမရှင်ကို မသတ်ပါဘူး၊ ကျမရှင့်ကိုချစ်ပါတယ်” “ကျမ ဒီလိုလုပ်ဖို့ စိတ်ကူးမရှိဘူး ဒါပေမယ့် ရှင်လုပ်တာကိုလည်း ပြောဦးလေ” လို့ ပြန်ပြောခဲ့ပါတယ်။
 
 
အနီးနားမှာရှိသူတွေက ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ ရဲတွေရောက်လာပြီး လူနာကိုဆေးရုံပို့ဖို့ ပြောတဲ့အခါ သူတို့ကားမှာ ဓါတ်ဆီမလုံလောက်လို့ မပို့နိုင်ကြောင်း ငြင်းဆန်ခဲ့ပါတယ်။ ဒါကြောင့် ဆေးရုံကားကို ထပ်ပြီး ဖုန်းဆက်ခေါ်တဲ့အခါ တစ်နာရီကျော်လောက်ကြာပြီးမှ ရောက်လာတယ်လို့ ဒေသတွင်းမီဒီယာက ဖော်ပြထားပါတယ်။
 
 
 
လက်ရှိအခြေနေမှာတော့ Erick ကို အရေးပေါ်ခွဲစိတ်မှုလုပ်ပေးနိုင်တဲ့အတွက် အသက်အန္တရာယ်မရှိတော့ကြောင်းနဲ့ Sonia ၂၀ နှစ်ကို ဓါးထိုးမှုနဲ့ ရဲကဖမ်းဆီးထားကြောင်း သိရှိရသည်။

14 Mar 2019     2,362 Views




RELATED

Most Popular of Special or Others

Most Popular of NEWS