BEC-TERO TV

Bulimia & Anorexia

19 Aug 2015     1,296 Views


ဒီရောဂါကတော့ အစားအသောက်ပုံမှန်မဟုတ်ပဲနဲ့စိတ်အခြေအနေ ပုံမှန်မဟုတ်တဲ့ရောဂါမျိုးတွေဖြစ်ပါတယ်။ဒီရောဂါဟာ မိန်းကလေးတော်တေ်ာများများ သူတို့ရဲ့ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းချင်တဲ့လူမျိုးတွေမှာတွေ့ရတက်ပါတယ်။ Bulimia ကတော့ အစားအသောက်တွေကို အများကြီးစားမယ်ကိုယ်အလေးချိန်တော့ တက်မှာဆိုးတဲ့အတွက်လက်ထိုးပြီး ပြန်အန်ထုတ်တာမျိုးတွေ ၊ဝမ်းနှုတ်ပစ်တာမျိုးတွေပြုလုပ်တက်ပါတယ်။
 
Anorexia ကတော့စိတ်ဖိစီးမှုကြောင့်ပါ ခန္ဓာကိုယ်တက်မှာဆိုးလို့စိတ်ဖိစီးနေတဲ့အတွက်ကြောင့်ခံတွင်းပျက်ပြီးအစားမစားနိုင်တာမျိုးတွေပါဖြစ်နေတက်ပါတယ်။ဒီရောဂါရှိတဲ့သူတစ်ယောက်ဟာ ခန္ဓာကိုယ်အလေးချိန်ဟာပုံမှန်ထက်ပိုပြီးကျဆင်းနေမယ်၊မောပန်းလွယ်မယ်၊မူးဝေနေမယ်၊သွေးအားတွေနည်းနေမယ်၊သွေးအားနည်းတဲ့အတွက်နှလုံးခုန်နှုံန်းတွေပါပုံမှန်မဟုတ်တော့ပဲရှိနေတက်ပါတယ်။ရေဓာတ်ခမ်းခြောက်မယ်၊အရေပြားတွေခြောက်သွေ့နေမယ် ၊အိပ်မပျော်တဲ့လက္ခဏာတွေလဲတွေ့ရှိရပါတယ်။အရိုးပွပြီးအရိုးကျိုးလွယ်တဲ့အခြေအနေထိဖြစ်နိုင်ပါတယ်။
 
စိတ်ပိုင်းဆိုင်ရာအခြေအနေနဲ့ဆိုရင် အစားအသောက်ကို ငြင်းပယ်နေမယ် ၊ လုံးဝစိတ်မဝင်စားတာတွေဖြစ်နေတက်မယ် ၊ဆာလောင်မှုကိုသည်းခံနိုင်နေမယ် ၊ခန္ဓာကိုယ် ကို လေ့ကျင့်ခန်းလုပ်ဖို့ပဲ အားသန်နေမယ် ၊မလိုအပ်ပဲနဲ့အဆီကျဆေးတွေ ပိန်ဆေးတွေ ကိုလဲ အမြဲသောက်သုံးနေမယ် ၊ကိုယ်ကိုကိုယ် ဝမှာဆိုးတဲ့ စိုးရိမ်တဲ့စိတ်မျိုးတွေလဲဖြစ်နေမယ် ၊နောက်ဆုံးစိတ်ကျရောဂါဖြစ်တဲ့အထိဖြစ်နိုင်ပါတယ်။
 
ဒီရောဂါရှိနေပြီဆိုရင် ပုံမှန်မဟုတ်တဲ့အမူအကျင့်တွေရှိနေတက်ပါတယ် ။ သူဟာ ကိုယ်လုံးပေါ်မှန်မှာ ကိုယ့်ကိုကိုယ်အမြဲကြည့်နေမယ် ၊မိမိကိုယ်ကိုဝတယ်လို့ပဲ အမြဲယူဆနေပြီး လေ့ကျင့်ခန်းတွေကို အပြင်းအထန်လုပ်မယ် ၊အမြဲတန်းအိမ်မှာ ပေါင်ချိန်စက်နဲ့အမြဲတန်းချိန်နေမယ် ၊အမှန်တကယ်ဝနေခြင်းမဟုတ်ပဲနဲ့ စိတ်ကနေခံစားရခြင်းဖြစ်ပါတယ်။ရာသီသွေးပုံမှန်မပေါ်ခြင်းတွေလဲ ဖြစ်နိုင်ပါတယ်။ အရိုးပွလာတဲ့အတွက် အရိုးကျိုးခြင်းတွေပါဖြစ်ပေါ်နိုင်ပါတယ်။
 
အစာချေဖြတ်မှုစနစ်ဟာလဲ မမှန်မကန်ဖြစ်လာနိုင်ပါတယ်။ကုသတဲ့နေရာမှာမိသားစုနဲ့ပူးပေါင်းရမယ် ၊ပတ်ဝန်းကျင်နဲ့လဲပူးပေါင်းပြီးတော့ စိတ်အခြေအနေကိုပါပြောင်းလဲပေးရမှာပါ။ဒီရောဂါကို ထူးထူးခြားခြားကာကွယ်ဖို့အတွက်အခြားနည်းလမ်းတွေတော့မရှိပါဘူး အဓိကကတော့ မှန်ကန်တဲ့လူနေမှုလူနေမှုစနစ် ၊မှန်ကန်တဲ့စားသောက်ပုံစနစ်ကိုအာဟာရမျှတအောင်စားသောက်ပေးခြင်းအားဖြင့်ဒီရောဂါကိုကာကွယ်ပေးနိုင်ပါလိမ့်မယ်။အ

19 Aug 2015     1,296 Views




RELATED

Most Popular of Health Fix

Most Popular of Life Style