BEC-TERO TV

ဝုလ်အသင်းနဲ့ ပွဲစဉ်တွင် အားထားရတဲ့ တိုက်စစ်မှူး လူကာကူ လွှဲချော်မည်

15 Mar 2019     1,612 Views


မန်ယူအသင်းတိုက်စစ်မှူး လူကာကူသည် ခြေထောက်ဒဏ်ရာကြောင့် ဝုလ်အသင်းနှင့် ကစားမည့် FA ဖလားကွာတားဖိုင်နယ်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေကြောင်း သိရပါတယ်။

မန်ယူအသင်းတွင် အဓိက ကစားသမားများဖြစ်သည့် ဆန်းချက်ဇ်၊ လင်ဂတ်၊ မာတာတို့ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရချိန်တွင် နောက်ဆုံးကစားခဲ့သည့်ပွဲစဉ် (၄) ပွဲတွင် (၆) ဂိုးအထိ တိုက်စစ်မှူး လူကာကူပါ ကစားနိုင်ဖွယ်မရှိသဖြင့် ဆိုးရှားလ်အတွက် ထိုးနှက်ချက် ဖြစ်လာနိုင်ပါတယ်။

လူကာကူသည် ခြေထောက်ဒဏ်ရာကို PSG အသင်းအား အနိုင်ရခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွင် ရရှိခဲ့ခြင်းဖြစ်ပါတယ်။ သို့ပေမဲ့ ဒဏ်ရာရှိနေခဲ့သော်လည်း အာဆင်နယ်အား ရှုံးနိမ့်သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပါဝင်ကစားခဲ့ပါတယ်။

ဝုလ်ဗ်နှင့် မန်ယူတို့၏ ပွဲစဉ်ကို တနင်္ဂနွေနံနက် ၂:၂၅ နာရီ ဝုလ်အသင်း၏ ကွင်းတွင် ကစားမည်ဖြစ်သည်။

 

 


15 Mar 2019     1,612 Views




RELATED

Most Popular of Football

Most Popular of Sport