BEC-TERO TV

ကြည့်မိသူတိုင်း ရင်ခုန်စိတ်လှုပ်ရှားသွားစေမမယ့် အောန်ဆိုင်းနဲ့ ထူးအောင်တို့ သရုပ်ဆောင်ချက်ထားတဲ့ တစ်ဖက်သတ် MTV

15 Mar 2019     1,385 Views


မော်ဒယ်၊ သရုပ်ဆောင် အောန်ဆိုင်းနဲ့ ထူးအောင်တို့ဟာ အဆိုတော် Ar-t ရဲ့ “တစ်ဖက်သတ်” သီချင်းမှာပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။

မော်ဒယ်၊ သရုပ်ဆောင် ထူးအောင်ဟာ မနေ့ကဖြစ်သည်၊ ပုဂံမြို့သူ ဇာတ်လမ်းတွဲတွေနဲ့ မိန်းကလေး ပရိတ်သတ်တွေကြား လူကြိုက်များနေတဲ့ တက်သစ်စလူငယ်မင်းသားတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ ဗလတောင့်တောင့် ယောင်္ကျားပီသတဲ့ပုံစံလေးက မိန်းကလေးပရိတ်သတ်တွေကို ဖမ်းစားထားပါတယ်။

မော်ဒယ် အောန်ဆိုင်းကတော့ မော်ဒယ်လောကမှာ ဘုရင်မတစ်ဆူလိုပါပဲ။ သူမရဲ့ ဖြူစင်ဝင်းအိနေတဲ့ အသားအရေနဲ့ အပိုအလိုမရှိ ကျစ်လစ်နေတဲ့ ခန္ဓာကိုယ်အချိုးအစားတို့က ဘုရင်မတစ်ဆူလိုလှပနေရတဲ့အကြောင်းအရင်းတွေပါပဲ။

အယ်လီဇဘတ် အောန်ဆိုင်းလို့ အမည်ရတဲ့သူမကို မော်ဒယ်လောကမှာ Queen လို့တင်စားကြတာ မဆန်းပါဘူး။ သူမရဲ့ အလှအပကို မြင်ရသူတိုင်း လောကကြီးကို ခေတ္တခဏမေ့သွားစေပါတယ်။

ပရိတ်သတ်ကြီးရေ ထူးအောင်နဲ့ အောန်ဆိုင်းတို့ က ဘယ်လို ရင်သပ်ရှုမောဖွယ်သရုပ်ဆောင်ထားလဲဆိုတာ မသိချင်ကြဘူးလား? ကြည့်ရှုခံစားနားဆင်ကြည့်လိုက်ကြပါဦး။

(ပိုပိုလေး)


15 Mar 2019     1,385 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS