BEC-TERO TV

BigBang အဖွဲ့ရဲ့ ၉နှစ်မြောက် နှစ်ပတ်လည်

20 Aug 2015     1,343 Views


BigBang ကိုးရီးယားအဆိုတော်အဖွဲ့ဟာ G.Dragon, T.O.P, Taeyang, Dae Saung, Seungri တို့ပါဝင်ပြီး 19.8.2006 မှာ စတင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ စတင်debut လုပ်တဲ့အချိန်ကစပြီး ခုချိန်ထိ  နာမည်ကြီး သီချင်းတော်တော်များများကို ထုတ်ဝေထားခဲ့ပါတယ်။ သူတို့ကို တကယ်လူသိများစေခဲ့တဲ့သီချင်းကတော့ “Lie” ဖြစ်ပြီး ကိုးရီးယားchart တွေမှာ ခုနှစ်ပတ်ဆက်တိုက်နံပါတ် ၁ နေရာကိုယူထားနိုင်ခဲ့ပါတယ်။

2007 Mnet Korea Music Festival မှာလည်း Song of the year ဆုကိုဒီသီချင်းနဲ့ပဲ ရရှိခဲ့တာဖြစ်ပါတယ်။ သူတို့ ၅ယောက်ဟာ အဖွဲ့အနေနဲ့သာမကပဲ တစ်ဦးချင်းactivity တွေမှာလည်း အောင်မြင်တဲ့ ဘက်စုံထူးချွန်တဲ့ အနုပညာရှင်တွေဖြစ်ကြပါတယ်။ GD နဲ့ Taeyaung ဟာ ရောင်းအကောင်းဆုံးအခွေတွေထုတ်သလို GD နဲ့ TOP ဟာလည်း အဖွဲ့ငယ်လေးဖွဲ့ဟာ Top Hit တွေကိုထုတ်ဝေခဲ့ပါတယ်။ Daesaung နဲ့ Seungri တို့ဟာ Musical ပွဲတွေမှာလည်း သရုပ်ဆောင်ကြသလို Variety Show တွေမှာလည်း MC လုပ်ခဲ့ကြပါတယ်။

TOP ကလည်း အခုဆိုရင် ကိုးရီးယားနိုင်ငံရဲ့ ထိပ်တန်းဝင် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်လာခဲ့ပါပြီ။ သူတို့တွေက သီချင်း၊ သရုပ်ဆောင်တွေမှာသာမကပဲ Fashion industry မှာလည်း ဦးဆောင်နေကြသူများဖြစ်ပါတယ်။ BigBang အဖွဲ့ရဲ့အောင်မြင်မှုတွေအကြောင်းကို ပြောရရင်ကုန်နိုင်မှာမဟုတ်ပါဘူး။ ဒီလိုအောင်မြင်ဖို့လည်း သူတို့တွေ အရမ်းကိုကြိုးစားခဲ့ရတာဖြစ်ပါတယ်။ အခုဆိုကြိုးစားမှုရဲ့ရလဒ်အဖြစ် နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်နိုင်တဲ့ K-pop King များအဖြစ် နိုင်ငံတကာ အနုပညာရှင်များကပါ ယုံကြည်လက်ခံလာခဲ့ကြပါပြီ။ ယခု ၉နှစ်မြောက်နှစ်ပတ်လည်ကနေ နောင်နှစ်ပေါင်းများစွာအထိ VIP တွေချစ်ရတဲ့ BigBang, ဒီထက်ပိုပြီး ဆထက်ထမ်းပိုး အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 


20 Aug 2015     1,343 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment