BEC-TERO TV

ပြိုင်ဘက် ပရိတ်သတ်တွေကပါ လက်ခုတ်တီးအားပေးလောက်အောင် ကောင်းမွန်ခဲ့တဲ့ မက်စီရဲ့ သွင်းဂိုး

18 Mar 2019     1,271 Views


မနေ့ညက ဘက်တစ်နဲ့ဘာစီလိုနာအသင်းတို့ပွဲမှာ ဘာစီလိုနာအသင်းဟာ မက်စီ ၊ ဆွာရက်တို့ရဲ့ သွင်းဂိုးဖြင့် ဘက်တစ်အသင်းကို ၁-၄ ဖြင့်အနိုင်ရရှိခဲ့ပါတယ်။အဲ့ပွဲမှာဘာစီလိုနာအသင်းရခဲ့တဲ့ ၄ ဂိုးမှာ ၃ ဂိုးက လီယွန်နယ် မက်စီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပထမပိုင်း ၁၈ မိနစ်၊ ၄၅ မိနစ်နဲ့ ၈၅ မိနစ်တွေမှာအသင်းအ တွက်အနိုင်ဂိုးတွေသွင်းယူပေးခဲ့တဲ့မက်ဆီဟာ ဒီ Hat trick ဂိုးကြောင့် ဒီရာသီလာလီဂါပြိုင်ပွဲမှာ Hat trick သုံးကြိမ် တိတိရယူနိုင်ခဲ့တဲ့တဦးတည်းသောကစားသမားဖြစ်လာခဲ့ပြီး အသင်းအတွက်လိဂ်ပွဲ ၂၆ ပွဲမှာ ၂၉ဂိုးအထိသွင်းပေးထား နိုင်ခဲ့ပါတယ်။

အဲ့ပွဲမှာ သွင်းခဲ့တဲ့မက်ဆီရဲ့တတိယအနိုင်ဂိုးက ပြောင်မြောက်လှပလွန်းတာမို့ ပြိုင်ဘက်ဘက်တစ်ပရိသတ်တွေကိုယ် တိုင်လက်ခုပ်တီးပြီး ချီးကျူးခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်း ၈၅ မိနစ်အရောက်မှာ ရာကီတစ်က ထိုးပေးတဲ့ ဘောလုံးကို ကိုက်၂၀ အကွားအဝေး ရှိတဲ့ ဧရိယာအပြင်ဘက်ကနေ တိုက်ရိုက်ကန်သွင်းခဲ့တာဖြစ်ပါတယ်။အဆိုပါဂိုးကို ဘယ်ခြေနဲ့ အချိန်အဆမှန်မှန် ကန်သွင်းနိုင်ဖို့ ဟာ တစ်ကယ်ခက်ခဲ့တဲ့ ဂိုးဖြစ်ပါတယ်။ ဒါကြောင့် သူရဲ့ လှပတဲ့သွင်းဂိုးကို ပြိုင်ဘက်ပရိတ်သတ်တွေကပါ လက်ခုတ်တီးပြီးအာပေးခဲ့ပါတယ်။

ပွဲအပြီးမှာလည်းတွစ်တာပေါ်ကနေ “ ဒီလိုဂိုးမျိုးဟာ မက်စီတစ်ယောက်တည်းသာ လုပ်နိုင်တဲ့ ဂိုးမျိုးပါ ၊ တစ်ကယ်ကို ပြောင်မြောက်တဲ့ သွင်းဂိုးတစ်ဂိုးဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့ အကောင်းဆုံး သွင်းဂိုးတစ်ဂိုးပါပဲ  ” ဆိုပြီး အသီးသီးရေးသားချီးကျူးခဲ့ကြပါတယ်။


18 Mar 2019     1,271 Views




RELATED

Most Popular of Football

Most Popular of Sport