BEC-TERO TV

ဂျောင်ဂျွန်ယောင်းနဲ့အတူ တရားမဝင်လောင်းကစားလုပ်မိလို့ အနုပညာလောကမှ ခေတ္တနှုတ်ထွက်မယ်ဆိုတဲ့ ချာထယ်ဟွန်း

18 Mar 2019     1,394 Views


တောင်ကိုးရီးယား နာမည်ကြီး သရုပ်ဆောင် ချာထယ်ဟွန်း ဟာ လတ်တလော အမှုစစ်ဆေးခံနေရတဲ့ ဂျောင်ဂျွန်ယောင်းနဲ့အတူ တရားမဝင်း လောင်းကစားလုပ်မိလို့ တီဗွီအစီအစဉ်များကနေ နှုတ်ထွက်သွားပြီဖြစ်ပါတယ်။

KBS ရုပ်သံလိုင်းမှ 2Days and 1 Night အစီအစဉ်မှာပါဝင်တဲ့ ဂျောင်ဂျွန်ယောင်း၊ ချာထယ်ဟွန်း ၊ ကင်ဂျွန်ဟိုတို့ရဲ့ group chat ကိုဖော်ထုတ်ခံခဲ့ရပါတယ်။ သူတို့ သုံးယောက် ပြောထားကြတာတွေကတော့ နာမည်ကြီး ဂေါ့ဖ်ပြိုင်ပွဲကို တရားမဝင် လောင်းကြေးထပ်ခဲ့ကြတာဖြစ်ပါတယ်။ တောင်ကိုးရီးယားဟာ လောင်းကစားကန့်ကွက်ထားတဲ့နိုင်ငံဖြစ်တာကြောင့် ဒီလိုလောင်းကြေးထပ်တာဟာ တရားမဝင်ဘူး ပြောလို့ရပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး ချာထယ်ဟွန်းဘက်မှ ပြည်သူလူထုကိုတောင်းပန်စာရေးခဲ့ပါတယ်။

“မင်္ဂလာပါ ချာထယ်ဟွန်းပါ အရင်ဆုံး ကျွန်တော်တောင်းပန်တယ်လို့ပြောပါရစေ၊ မီဒီယာတွေမှာဖော်ပြနေတဲ့အတိုင်းတော့ ကျွန်တော်ပြည်ပထိသွားပြီး လောင်းကစားလုပ်ခဲ့တာမဟုတ်ပါဘူး။ ကိုးရီးယားမှာပဲလုပ်ခဲ့တာပါ၊ ပျော်စရာကောင်းတဲ့ ဂိမ်းတစ်ခုမလို့ ပါဝင်ခဲ့မိပါတယ် အနိုင်ရတဲ့ပိုက်ဆံကိုလဲချက်ချင်းပြန်ပေးအပ်ခဲ့ပါတယ်။ အပျော်သဘောနဲ့ လုပ်ခဲ့တယ်ဆိုပေမယ့် လူအများလေးစားရတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ကိုယ့်လုပ်ရပ်တွေအတွက်ရှက်မိပါတယ်။ ကျွန်တော့်ကိုချစ်တဲ့ ပရိတ်သတ်တွေကို စိတ်ပျက်စေမိတဲ့အတွက်တောင်းပန်ပါတယ်၊ ကျွန်တော်တို့လုပ်ရပ်ကြောင့် ထိခိုက်သွားရတဲ့ 2 Days and 1 Night က အဖွဲ့သားတွေကိုလဲတောင်းပန်ပါတယ်။ မိသားစုတစ်ခုကို ဦးဆောင်နေရတဲ့ ဖခင်တစ်ယောက်အနေနဲ့ ကျွန်တော့်မိသားစုနဲ့ သားသမီးတွေအကုန်လုံးကိုလဲတောင်းပန်ပါတယ်။ ကျွန်တော်လုပ်ခဲ့တဲ့ ပြစ်မှုတွေကို အချိန်ယူပြီး ပြန်လည်ဆန်းစစ်သွားမှာပါ အားလုံးကိုတောင်းပန်ပါတယ်” ဟု ရေးသားထားပါတယ်။

ချာထယ်ဟွန်းဟာ နာမည်ကြီး ဟာသသရုပ်ဆောင်ဖြစ်ပြီး ဒါရိုက်တာ တစ်ဦးလဲဖြစ်ပါတယ်။ မိသားစုကို ချစ်ခင်တဲ့ဖခင်ကောင်းတစ်ယောက်အဖြစ် ပြည်သူလူထုရဲ့ လေးစားချစ်ခင်မှုကိုရရှိထားသူတစ်ယောက်ပါ။ ဒီလိုလူ တစ်ယောက်က အပေါင်းအသင်းမှားပြီး မမှားသင့်တဲ့ အရာကို မှားယွင်းမိတယ်ပြောရမှာပါပဲ။

 

(ပိုပိုလေး)

 

 


18 Mar 2019     1,394 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS