ပြင်းထန်တဲ့ ရိုက်ချက်တွေကြောင့် ဂျပန်မှာနာမည်ကြီးနေတဲ ့မြန်မာဘောလီဘောလက်ရွေးစင် အောင်သူ
18 Mar 2019 2,852 Views

ဂျပန်ဘော်လီဘော Toray arrows ကလပ်မှာ ကစားနေတဲ့ မြန်မာဘောလီဘောလက်ရွေးစင်အောင်သူဟာ သူရဲ့အားပါပြင်းထန်တဲ့ ရိုက်ချက်တွေကြောင့် နာမည်ကြီးနေပါတယ်။Outside hitter နေရာမှာဆော့ကစားတဲ့ အောင်သူဟာ လက်ရှိဂျပန်ဘောလီဘောကလပ်ရဲ့ အကောင်းဆုံး Spiker တစ်ယောက်အဖြစ် သတ်မှတ်ခံနေရပြီး သူ့ရဲ့ရိုက်ချက်တွေဟာ ပြိုင်ဘက်ကစားသမားများ လိုက်လံဆယ်ယူဖိုိ့ ခက်ခဲကာ ဘုရားပေးတဲ့လက်လို့တောင်ချီကျူးခံနေရပါတယ်။
.jpg)

အောင်သူဟာ အသက်၁၉နှစ်အရွယ်မှာပဲ ထိုင်းပြည်တွင်းကလပ် ချောင်ဘူရီ ဘောလီဘောအသင်းမှာ ပထမဦးဆုံး သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်နိုင်ခဲ့သူဖြစ်ပြီး ချောင်ဘူရီမှာ သုံးနှစ်ကြာ ကစားခဲ့ပြီးနောက် နောက်ထပ် ထိုင်းကလပ်တစ်ခုဖြစ်တဲ့ နက်ခွန်းရက်ချာစီမာ အသင်းကို ၂၀၁၅ခုနှစ်မှာ ပြောင်းရွှေ့ခဲ့ပါတယ်။နက်ခွန်းရက်ချာစီမာ အသင်းမှာလည်း သုံးနှစ်ကြာထပ်မံကစားခဲ့ပြီး ၂၀၁၈မှာတော့ ဂျပန်လိဂ်အသင်းဖြစ်တဲ့ Toray arrows အသင်းရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရပါတယ်။








