BEC-TERO TV

ပြင်သစ်မှာလူမျိုးရေးခွဲခြားဆက်ဆံခံခဲ့ရတဲ့ Song အမြွှာသုံးယောက်

18 Mar 2019     1,466 Views


မြန်မာနိုင်ငံမှာ ဂျူမုံလို့လူသိများတဲ့ တောင်ကိုးရီးယား နာမည်ကျော်သရုပ်ဆောင် ဆောင်အီဂွတ်ဟာ သူ့ရဲ့ မိသားစုနဲ့အတူ ပြင်သစ်နိုင်ငံမှာ တစ်နှစ်တာ သွားရောက်နေထိုင်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့ဟာ Daehan , Minguk , Manse တို့ရဲ့ (၈) နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။ ပရိတ်သတ်မျက်စိရှေ့တင် လူကြီးလေးတွေဖြစ်လာကြပါပြီ။

ဂျူမုံဟာ အမြွှာတို့ပညာရေးအတွက် ပြင်သစ်နိုင်ငံမှာပြောင်းရွေ့နေထိုင်ခဲ့တာဖြစ်ပါတယ်။ သို့ပေမဲ့ ပြင်သစ်လူမျိုးတွေရဲ့ လူမျိုးခွဲခြားဆက်ဆံပုံကြောင့် စိတ်ပျက်စရာအဖြစ်အပျက်တွေကြုံတွေ့ ခဲ့ကြပါတယ်။

ဆောင်အီဂွတ်နဲ့ အမြွှာတို့ ပြင်သစ်မှာနေထိုင်စဉ်အတောအတွင်း လမ်းမထွက်ရင်တောင်မှ အာရှသားတွေဆိုပြီး ဆဲရေးတိုင်းထွာတာမျိုးခံခဲ့ရပါတယ်။ တစ်ခါက အမြွှာသုံးယောက် ပန်းခြံတစ်ခုမှာဆော့ကစားနေတုန်းက လူတစ်ချို့က ဆီးသွားထားတဲ့ ပုလင်းတွေနဲ့ Daehan , Minguk, Manse တို့ကို ပစ်ပေါက်ခဲ့တာကြောင့် ဂျူမုံကိုယ်တိုင်စိတ်မထိန်းနိုင်ပဲ ဆဲရေးမိတယ်လို့ ပြောကြားထားပါတယ်။

Return of Superman တီဗွီအစီအစဉ်နဲ့ အမြွှာတို့ကိုလူသိများလာတာဖြစ်ပါတယ်။ တောင်ကိုးရီးယားမှာသာမက နိုင်ငံတကာကပရိတ်သတ်တွေပါ အမြွှာတို့ကို ချစ်ပေးကြတာကြောင့် ဂျူမုံအနေနဲ့ ပြင်သစ်မှာကျောင်းတက်စေဖို့ စီစဉ်ခဲ့တာပါ။ အစက ဒါဟာ အကြံဥာဏ်ကောင်းတစ်ခုဖြစ်ပေမယ့် လတ်တလောအခြေအနေအရ အမြွှာတို့ကို ပြင်သစ်မှာဆက်ထားဖို့ ဘယ်လိုမှမဖြစ်နိုင်တော့တာကြောင့် ကိုးရီးယားသို့ ပြန်ခေါ်လာပြီဖြစ်ကြောင်း သူ၏ လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးပြောကြားခဲ့ပါတယ်။

 (ပိုပိုလေး)


18 Mar 2019     1,466 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS