BEC-TERO TV

F4 မှာအတူသရုပ်ဆောင်ဖူးတဲ့ ဂျန်ဂျာယွန်းကို သတိရမိကြောင်းပြောလိုက်တဲ့ ဂူဟဲဆောင်း

18 Mar 2019     1,967 Views


နာမည်ကြီး ကိုးရီးယားရုပ်သံဇာတ်လမ်းတွဲ “Boys over flower” မှာ အရံအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး ဂျန်ဂျာယွန်းဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခု မတ်လမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တာဖြစ်ပါတယ်။

မတ်လ (၉) ရက်နေ့ဟာ ဂျန်ဂျာယွန်းသေဆုံးတာ (၁၀) နှစ်ပြည့်တဲ့ နေ့ပဲဖြစ်ပါတယ်။ Boys over flower မှာ ခေါင်းဆောင်မင်းသမီး ဂင်ဂျန်ဒီအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဂူဟဲဆောင်းက ဂျန်ဂျာယွန်းကို သတိရမိကြောင်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာ မှာတင်ခဲ့ပါတယ်။

“ရာသီဥတု အေးနေတဲ့အချိန် ကျွန်မလက်ထဲ hot pack ထည့်ပေးတဲ့အစ်မ၊ နှစ်ယောက်အတူ ရိုက်ထားတဲ့ဓာတ်ပုံတောင်မရှိလို့ နောင်တရမိတယ်၊ ကောင်းကင်ဘုံမှာ အေးဆေးစွာအနားယူပါတော့ ကျွန်မရဲ့ လှပလွန်းတဲ့အစ်မရေ” ဟု ရေးသားထားပါတယ်။

 

 

 

မင်းသမီး ဂျန်ဂျာယွန်းကိုယ့်ကိုယ်ကို သတ်သေတဲ့အမှုဟာ ဒီနှစ်ထဲမှာမှ အမှုမှန် ပေါ်ပေါက်လာတာဖြစ်ပါတယ်။ အစက ဂျန်ဂျာယွန်းဟာ stress ကြောင့် ကိုယ့်ကိုယ်ကို သတ်သေခဲ့တယ်လို့ယူဆခဲ့ကြပြီး အမှန်ကတော့မဟုတ်ခဲ့ပါဘူး။ ဂျန်ဂျာယွန်းဟာ အကျင့်ပျက်သူဋ္ဌေးရဲ့ ဖိအားပေးမှုကြောင့် လူကုံထံအသိုင်းအဝိုင်းက လူများကို လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေတာမျိုးတွေလုပ်ခဲ့ရပါတယ်။ ကာရာအိုအေနဲ့ ဘားတွေမှာလဲ သွားရောက်ဖျော်ဖြေခဲ့ကြပြီး သူဋ္ဌေးများရဲ့ ရိုက်နှက်နှိပ်စက်တာမျိုးတွေလဲခံခဲ့ရတာဖြစ်ပါတယ်။

သူမကို နှိပ်စက်ခဲ့တဲ့သူတွေထဲမှာ အစိုးရလူ့အဖွဲ့အစည်းကလူတွေနဲ့ အင်အားကြီး ကုမ္ပဏီက သူဋ္ဌေးတွေပါဝင်တာကြောင့် ဒီအမှုကို တော်ရုံနဲ့မဖော်ထုတ်နိုင်ခဲ့ဘူးလို့ KBS သတင်းဋ္ဌာနမှာ ထုတ်ပြန်ထားပါတယ်။ အနုပညာဖျော်ဖြေရေးလောကမှာ ဒီလို အကျင့်ပျက်ခြစားမှုမျိုးတွေ များပြားလာတဲ့အတွက် ပရိတ်သတ်တွေကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ အနုပညာရှင်အသီးသီးကို စိုးရိမ်ပူပန်လျက်ရှိနေကြပါတယ်။

(ပိုပိုလေး)

 


18 Mar 2019     1,967 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS