BEC-TERO TV

ပရိသတ်တွေ သောင်းကျန်းလို့ ပွဲပျက်ခဲ့ရတဲ့ ဂရိဘောလုံးပွဲ

18 Mar 2019     1,633 Views


မနေ့ညက ဂရိပြည်တွင်းလိဂ် ပါနာသီနိုင်ကော့စ်နဲ့ အိုလံပီယာကို့စ်တို့ရဲ့ ပွဲစဉ်မှာ ပရိသတ်တွေသောင်းကျန်းခဲ့လို့ ပွဲပျက်ခဲ့ရပါတယ်။ ဧည့်သည် အိုလံပီယာကို့စ်က ဂိုးသွင်းသွားတဲ့အချိန်မှာ  ကွင်းအပြင်မှာ ဆူပူသောင်းကျန်းတဲ့ ပါနာသီနိုင်ကော့စ် ပရိသတ်တွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ အများအပြားသုံးပြီး ဖြိုခွင်းခဲ့ရာမှာ ဓာတ်ငွေ့တွေ ကွင်းထဲထိရောက်လာလို့ ကစားသမားတွေ၊ ပရိသတ်တွေပါ မျက်ရည်ယိုခဲ့ရပါတယ်။

ကွင်းထဲက အိမ်ရှင်ပရိသတ်တချို့ကလည်း အဝတ်စတွေကို မီးရှို့ခဲ့ကြပါတယ်။ ကွင်းထဲကို ဝင်လာပြီး ဧည့်သည် အိုပါနာသီနိုင်ကော့စ် ကစားသမားတွေကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ဂရိနိုင်ငံက ဘောလုံးပွဲတွေမှာ ဒီလိုမျိုး ဆူပူမှူတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။ ဒါကြောင့် ဘောလုံးပွဲစဉ်တွေမှာ အဝေးကွင်းပရိသတ်တွေ လာရောက်မကြည့်ရှုဖို့ တားမြစ်ထားရပါတယ်။ မနေ့ညက ဖြစ်ရပ်မှာတော့ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတဲ့သူ မရှိခဲ့ပါဘူးလို့ သိရပါတယ်။

 


18 Mar 2019     1,633 Views




RELATED

Most Popular of Football

Most Popular of Sport