BEC-TERO TV

အသံပါဝါအားကောင်းတာကြောင့် ဆယ်လီအများရဲ့ ဝန်းရံခြင်းကိုခံနေရတဲ့ Judson Fish

18 Mar 2019     1,353 Views


လတ်တလော MRTV-4 က ထုတ်လွှင့်ပြသနေတဲ့ The Voice Myanmar 2019 ပြိုင်ပွဲကြီးမှာ နာမည်ကြီး Stylist တစ်ယောက်က ဝင်ပြိုင်တယ်ဆိုတာ မယုံနိုင်စရာပါပဲနော်။ ဒိုင်တွေအကုန်လုံးတောင် ပါးစပ်အဟောင်းသားနဲ့ အံ့အားသင့်ခဲ့ကြပါတယ်။

Judson Fish ဟာ မြန်မာနိုင်ငံမှာသာမက နိုင်ငံတကာအသိအမှတ်ပြု Stylist တစ်ယောက်ဖြစ်ပါတယ်။ Fish ဟာ အမြင်ရှိပြီး ထက်မြက်တဲ့ Stylist တစ်ဦးဖြစ်တာကြောင့် နာမည်ကြီး ဆယ်လီတော်တော်များများနဲ့ သိတာမဆန်းပါဘူး။

Fish တစ်ယောက် ဖက်ရှင်လောကမှာ အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ပေမယ့် သူဒီလောက် သီချင်းဆိုကောင်းလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ....... ပရိတ်သတ်ကြီးနည်းတူ The Voice Myanmar ကိုကြည့်ရှုတဲ့ ဆယ်လီအချို့လဲ အံ့အားသင့်ခဲ့ကြပါတယ်။ Fish နဲ့ ရင်းနှီးတဲ့ဆယ်လီတွေက သူတို့ရဲ့ လူမှုကွန်ယက် စာမျက်နှာအသီးသီးမှာ Fish ကို အားပေးကြောင်း ၊ အိပ်မက်အသစ်ကို အကောင်အထည်ဖော်နေတဲ့ Fish အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း ပို့စ်ရေးသား တင်ခဲ့ကြပါတယ်။

ဖွေးဖွေးကလဲ Fish ကလေးကို Story ကနေတင်ပြီးအားပေးခဲ့ပါတယ်။

ချာလီလို့ခေါ်ကြတဲ့ မော်ဒယ်ကျော်ရဲမြင့်ငြိမ်းကလဲ The voice Myanmar မူရင်းပို့စ်ကို Share ပြီးအားပေးထားတာပါ။

မော်ဒယ်၊ သရုပ်ဆောင် ခင်လေးနွယ်ကလဲ Fish ကိုအားပေးနေခဲ့တာပါ။

သန္တာဗိုလ်ကလဲ Fish ကိုအားပေးနေပါတယ်တဲ့နော်......

နာမည်ကျော် ဓာတ်ပုံဆရာ ဝဏ္ဏခွာနီးကလဲ Fish ကို Congratulation ပါတဲ့....

သမီးလေးရဲ့ ဖေဖေ Ah Boy ကတော့ #TeamFish ဆိုတဲ့ Hastag လေးနဲ့ အားပေးခဲ့တာပါ။

Project K မှ Wiwi ကလဲ Fish ရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့ ဆုတောင်းပေးခဲ့ပါတယ်။

 

အဆိုတော် Ar-T ကတော့ သူငယ်ချင်း Judson Fish အတွက် The voice မလွှင့်ခင်ကတည်းက Fish ကိုအားပေးဖို့ ပရိတ်သတ်ကို တိုက်တွန်းနေခဲ့တာပါ။

Judson Fish နည်းတူ နာမည်ကြီး Stylist တစ်ဦးဖြစ်တဲ့ Yoko San ကလဲ Fish ကလေးကို အားပေးထားပါတယ်။

Fish ရဲ့ ငယ်စဉ်ကတည်းက အိပ်မက်ကတော့ အဆိုတော်ဖြစ်ချင်ခဲ့တာပါတဲ့။ အသက် ၃၀ ပြည့်ပြီးနောက်ပိုင်း ကြိုးစားကြည့်ချင်တဲ့ အိပ်မက်လေးမို့ Fish က The Voice Myanmar မှာ ဝင်ပြိုင်ဖြစ်တယ် လို့ပြောကြားထားပါတယ်။ အိပ်မက်အသစ်တွေကို အကောင်အထည်ဖို့ ကြိုးစားနေတဲ့ Fish တစ်ယောက် ဒီထက်မက အောင်မြင်မှုတွေ ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

(ပိုပိုလေး)


18 Mar 2019     1,353 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS