BEC-TERO TV

ကိုယ့်ကိုကိုယ် Cinderella ထဲက လူပုလေးနဲ့တူတယ်ပြောလိုက်လို့ Troll ခံနေရတဲ့ အုပ်စိုးခန့်

18 Mar 2019     1,435 Views


နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲဝန်းရံအားပေးခြင်းကို ခံထားရတဲ့ လူငယ်အဆိုတော်အုပ်စိုးခန့်ကတော့ ကိုရီးယားဆန်တဲ့ ရုပ်ရည်သွင်ပြင်ကိုပိုင်ဆိုင်ထားပြီး ထင်ရှားလွန်းတဲ့ သူ့ရဲ့နှာတံကလည်း ပရိသတ်တွေကိုစတင်သတိထားမိစေခဲ့တာပါ။ K Pop အဆိုတော်တစ်ယောက်နဲ့ ခပ်ဆင်ဆင်တူတဲ့ အုပ်စိုးခန့်ကိုတော့ သူ့ရဲ့အသံအေးအေးလေးနဲ့သီဆိုထားတဲ့ အချစ်သီချင်းတွေကြောင့်လည်း ပရိသတ်တွေက အားပေးခဲ့ကြရတာဖြစ်ပါတယ်။

ရှိုးပွဲရာသီရောက်ပြီမို့ ဖျော်ဖြေပွဲတွေကို အဆက်မပြတ်လိုက်လံသီဆိုနေတဲ့ အုပ်စိုးခန့်တစ်ယောက်ကတော့ မနေ့က မန္တလေးမှာပြုလုပ်တဲ့ပွဲတစ်ခုကို သွားရောက်သီဆိုခဲ့ပါတယ်။ မန္တလေးရောက်လို့ လေယာဉ်ဆိုက်ချိန်မှာ ဓာတ်ဖမ်းထားခဲ့တဲ့ ပုံလေးတစ်ပုံကို သူ့ရဲ့ပရိသတ်တွေအတွက် အလွမ်းပြေတင်ပေးခဲ့ပါတယ်။ ပင်ကိုအရပ်ပုသူတစ်ယောက်မဟုတ်တဲ့ အုပ်စိုးခန့်ဟာ ဓာတ်ပုံထဲမှာအနည်းငယ်ပုနေတာကြောင့် သူ့ကိုယ်သူ စင်ဒရဲလားကာတွန်းထဲက ဂျပုလေးနဲ့တူတယ်ဆိုပြီး Comment ပေးထားတာကိုတွေ့ရပါတယ်။ သူမန့်လိုက်တဲ့ Comment ကြောင့် အားလုံးလဲမျက်လုံးအပြူးသားဖြစ်သွားရကာ တစ်ချို့ပရိသတ်တွေက အုပ်စိုးခန့်ကိုအကြီးအကျယ်ဝိုင်းပြီး Troll လုပ်လိုက်ကြတာပဲဖြစ်ပါတယ်။

ကလေးဘ၀မှာ အားလုံးကြည့်ဖူး၊ သိဖူး၊ ကြားဖူးကြတဲ့ လူပုလေးတွေက စင်ဒရဲလားကာတွန်းထဲမှာ မဟုတ်ပဲ စနိုးဝှိုက်ကာတွန်းထဲမှာ ပါဝင်တာပဲဖြစ်ပါတယ်။ စင်ဒရဲလားထဲမှာတော့ မိထွေးနဲ့ ရုပ်ဆိုးတဲ့ညီအမနှစ်ယောက်သာပါဝင်တာကြောင့် စနိုးဝှိုက်နဲ့ စင်ဒရဲလားကို ပြောချင်ဇောနဲ့ အမှတ်တမဲ့မှားသွားဟန်တူတဲ့ အုပ်စိုးခန့်ပြောလိုက်တဲ့စကားက လက်ခံနိုင်စရာမရှိပဲ အကြီးအကျယ်လွဲမှားနေတာကြောင့် ပရိသတ်တွေက အုပ်စိုးခန့်ကို လှောင်ပြောင်ပြောဆိုကာ Troll လုပ်နေကြတာပဲဖြစ်ပါတယ်။

တစ်ချို့သောပရိသတ်တွေက အုပ်စိုးခန့်ကို “စင်ဒရဲလားထဲမှာ ဘယ်လူပုလေးမှ မပါဘူး နင့်မေလင်ကြွက်တွေပဲ ပါတယ်” ဆိုပြီး ၀ိုင်းဝန်း Troll လုပ်နေကြတာကိုလဲ တွေ့ရပါတယ်။ ပြောချင်စိတ်ဇောပြီး မမှားသင့်ပဲ မှားပြောလိုက်တာကြောင့် အုပ်စိုးခန့်တစ်ယောက်ကတော့ အကြီးအကျယ်တွေ Troll ခံနေရတာပဲဖြစ်ပါတယ်။

(ပိုပိုလေး)

 

 


18 Mar 2019     1,435 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment