BEC-TERO TV

လာမယ့် ဧပြီလအတွင်းစစ်မှုထမ်းဖို့ ပြင်ဆင်နေပြီဆိုတဲ့ Shinee အဖွဲ့မှ ချွဲမင်ဟို

18 Mar 2019     1,349 Views


တောင်ကိုးရီးယား နာမည်ကြီးအဆိုတော်အဖွဲ့ Shinee မှ အဖွဲ့ဝင် ချွဲမင်ဟိုဟာ လာမယ့် ဧပြီလမှာ စစ်မှုထမ်းဖို့ပြင်ဆင်နေပြီပဲဖြစ်ပါတယ်။

မင်ဟိုဟာ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာမှာ Jang Sari 9.125 ရုပ်ရှင်ကားကြီးရိုက်ကူးပြီးစီးခဲ့ပြီပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကြီးဟာ တောင်ကိုးရီးယားမှာဖြစ်ပွားခဲ့တဲ့ အကြီးမားဆုံးစစ်ပွဲကြီးအကြောင်းကိုရိုက်ကူးထားတာဖြစ်ပြီး နာမည်ကျော် ဟောလိဝုဒ်မင်းသမီး Megan Fox ပါဝင်သရုပ်ဆောင်ထားတဲ့ ကိုးရီးယားရုပ်ရှင်ကားလဲဖြစ်ပါတယ်။

မင်ဟိုဟာ Jangsari 9.125 ရုပ်ရှင်ရိုက်ကူးအပြီး ၂၀၁၉ ဇန်နဝါရီလမှာ ရေတပ်မှာစစ်မှုထမ်းဖို့ လျှောက်လွှာတင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ လတွေမှာ မင်ဟိုတစ်ယောက် ရေကြောင်းစစ်တပ်မှာအမှုထမ်းခွင့်ရဖို့ လျှောက်လွှာတင်ပြီး စာမေးပွဲအတွက် ပြင်ဆင်နေခဲ့တာပါ။

တောင်ကိုးရီးယားနိုင်ငံ စစ်မှုထမ်းရတဲ့ တပ်များထဲမှာ ရေတပ်မှာရရှိနိုင်ဖို့ အခက်ခဲဆုံးဖြစ်ပါတယ်။ ရေတပ်အတွင်း စစ်မှုထမ်းနိုင်ဖို့ လျှောက်လွှာတင်ပြီး စာမေးပွဲတွေ အဆင့်ဆင့်ဖြေဆိုကြရပါတယ်။ လက်ရှိမှာတော့ ချွဲမင်ဟိုက ရေတပ်ထဲ ဝင်နိုင်ဖို့ နောက်ဆုံးစာမေးပွဲဖြေပြီး ရလဒ်ကို စောင့်နေခဲ့တာဖြစ်ပါတယ်။မင်ဟိုအနေနဲ့ ရေတပ်အတွင်း တာဝန်ထမ်းဆောင်နိုင်ဖို့က သူ့ရဲ့ အကြီးမားဆုံး အိပ်မက်တစ်ခုဖြစ်တယ်လို့ သူ၏ အေဂျင်စီ SM Entertainment မှထုတ်ပြန်ကြေငြာခဲ့ပါတယ်။

မင်ဟိုက စစ်မှုမထမ်းမီ ပရိတ်သတ်ကို နှုတ်ဆက်သွားချင်တဲ့အတွက် လာမယ့် မတ်လ ၃၀ ရက်နေ့မှာ The Best CHOI’s Minho အမည်ရှိ fanmeeting တစ်ခုကို တောင်ကိုးရီးယားတက္ကသိုလ် Hwajung Gymnasium ခန်းမမှာ ပြုလုပ်သွားမည်ဖြစ်ကြောင်း အေဂျင်စီမှတစ်ဆင့် အသိပေးကြေငြာထားပါတယ်။

(ပိုပိုလေး)


18 Mar 2019     1,349 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS