BEC-TERO TV

Seungri တောင်ကိုးရီးယား ဥပဒေကိုအထင်မြင်သေးပြောဆိုထားတဲ့မက်ဆေ့ခ်ျများထွက်ပေါ်လာ

19 Mar 2019     1,318 Views


Big Bang အဖွဲ့မှ Seungri ဟာ တောင်ကိုးရီးယား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ မူးယစ်ဆေးသုံးစွဲမှုတို့နဲ့ နာမည်ကြီးနေတဲ့ Burning Sun Club အမှုမှာပါဝင်ပတ်သတ်နေပါတယ်။ Seungri ဟာနိုင်ငံခြားမှလာတဲ့ ငွေမဲသူဋ္ဌေးတွေကို အပျော်မယ်ရှာပေးကာ အကြမ်းဖက်မှုတွေဖြစ်ပွားစေခဲ့ပါတယ်။

ယခင်ရက်ပိုင်းတွေတုန်းက Seungri ရဲ့သူဋ္ဌေးတစ်ဦးကို အပျော်မယ်ရှာပေးတဲ့ မက်ဆေ့ခ်ျတွေ ပေါ်ထွက်လာပါတယ်။ ယခုတော့ ရင်းနှီးမြုပ်နှံပြီး အခွန်ရှောင်တဲ့အကြောင်းပြောထားတဲ့ မက်ဆေ့ခ်ျတွေပါ ပေါ်ထွက်လာပါပြီ။

Park: X က စီးပွားရေးတစ်ခုကိုလုပ်နေပါတယ်၊ ဒါပေမယ့်ဒီနိုင်ငံရဲ့ ဥပဒေအရ သူ့ကို ထိန်းချုပ်ဖို့ခက်မယ် ဒါကြောင့်အကုန်လုံးကတိတ်နေကြတာပေါ့

Seungri: ဒါဆို ငါတို့လဲ ပြဿနာတက်စရာအကြောင်းမရှိဘူးပေါ့၊ ဖမ်းမိရင်လဲ ပိုက်ဆံပေးလိုက်ရင်ပြီးတာပဲကို

Seungri: X ကိုသွားပြောလိုက်ပါ

Park: အိုကေ

Seungri: ဒါကြောင့်ငါတို့နိုင်ငံက စောက်ဥပဒေကြီးကို ချစ်တာ

Park: ဥပဒေက ဒီလိုမရေမရာဖြစ်နေတာကိုက ငါတို့အတွက်ကောင်းကွက်ပဲ၊ သူတို့ဖမ်းမိရင်တောင် စီးပွားရေးလုပ်ငန်းရှင်တွေက ပြန်တရားစွဲမှာပဲ။

Seungri: ရဲကမေးရင် သူတို့ဒီတိုင်းလှုပ်ရှားနေတာ၊ ကနေတာမဟုတ်ဘူးလို့ပြောလိုက်ရုံပေါ့

ဒီအကြောင်းအရာကတော့ Seungri Mapo-gu မှာဖွင့်ထားတဲ့ စားသောက်ဆိုင်မှာ စီးပွားရေးလုပ်ငန်းရှင် ဧည့်သည်တချို့ကို စားသောက်ဆိုင်အတွင်းကခွင့်ပေးခဲ့တာပဲဖြစ်ပါတယ်။ အပြင်မှာစားသောက်ဆိုင်လို့ အမည်ခံထားပေမယ့် အတွင်းမှာတော့ ကလပ်တစ်ခုကို ဖြစ်ချင်တိုင်းဖြစ်နေကြတာပါ။နောက်ထပ် မက်ဆေ့ခ်ျကတော့ FT Island အဖွဲ့မှ Choi Jonghoon နဲ့ပြောထားတဲ့ မက်ဆေ့ခ်ျတွေပဲဖြစ်ပါတယ်။

Seungri: သူဋ္ဌေးက ဂျပန်ငွေနဲ့ပေးမယ်တဲ့

Choi Jonghoon: ယန်း (၈) သန်းလား?

Seungri: ဟုတ်တယ်၊ ငွေလဲနှုန်းတွေကြည့်ထားဦး ပြီးမှလဲ…..

ဒီမက်ဆေ့ခ်ျတွေအပြင် နောက်ထပ်ကင်မ်အမည်ရသူတစ်ဦးနှင့်ပြောထားသော မက်ဆေ့ခ်ျက အခွန်ရှောင်မည့် အလားအလာရှိကြောင်းကိုပြသနေပါတယ်။

Seungri: ဒါက Club လား Bar လားမသဲကွဲတော့ဘူး ၊ X ကဒီအကြောင်းတွေသူများကိုပြောဖြစ်သေးလား?
Kim: တကယ်လို့ သတင်းပေါက်ကြားရင် ငါတို့ အဖမ်းမခံရဖို့မျှော်လင့်တယ်

Seungri နဲ့အပေါင်းအပါတို့ဟာအခွန်ရှောင်မှုမှာ ပါဝင်ပတ်သတ်နေပြီး တရားဥပဒေကိုလဲ စော်ကားထားတာကြောင့်လွတ်လမ်းမမြင်တော့ပါဘူး။ လတ်တလောမှာ တရားရုံးမှ Seungri ကို ရုံးခေါ်စစ်ဆေးနေပြီပဲဖြစ်ပါတယ်။

(ပိုပိုလေး)


19 Mar 2019     1,318 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS