BEC-TERO TV

စက်ဘီးစီးလာစဉ် မြွေဟောက်နဲ့မှ တိုးပြီးသေပြေးရှင်ပြေး ပြေးခဲ့ရ (ရုပ်သံ)

19 Mar 2019     2,137 Views


စက်ဘီးတစ်စီးကို တစ်ယောက်ကနင်းလျှက် နောက်ကတစ်ဦး ထိုင်လျှက်လိုက်ပါလာစဉ် လမ်းမပေါ်၌ မြွေဟောက်တစ်ကောင်နဲ့ တည့်တည့်တိုးပြီး စက်ဘီးမှာ ရစ်ပတ်ခဲ့ရာမှ ဒေါသထွက်ကာ ပြန်လည်တိုက်ခိုက်မှုကြောင့် စက်ဘီးကို ပစ်ချပြီး သေပြေးရှင်ပြေးပြေးခဲ့ရမှု ဖြစ်ပွားခဲ့ပါတယ်။
 
စီစီတီဗီရုပ်သံအရ စက်ဘီးနင်းလာစဉ် မြွေကလည်း အလျှင်အမြန် လမ်းဖြတ်ကူးတာနဲ့ကြုံသွားပြီး မြွေက စက်ဘီးမှာ ရစ်ပတ်ပါသွားခဲ့ပါတယ်။ အဲဒီနောက် မြွေက ပြန်လည်ရန်မူတာကြောင့် အမျိုးသားနှစ်ဦး စက်ဘီးကို လမ်းဘေးပစ်ချပြီး ထွက်ပြေးခဲ့ကြပါတယ်။
 
 
အဆိုပါရုပ်သံဟာ အိန္ဒိယနိုင်ငံတောင်ပိုင်း တလန်ဂါနာမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ရုပ်သံကတော့ မကြာသေးမီကမှ အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပါတယ်။
 

19 Mar 2019     2,137 Views




RELATED

Most Popular of Special or Others

Most Popular of NEWS