BEC-TERO TV

အသံပါဝါအားကောင်းကောင်းနဲ့ သီဆိုထားတဲ့ Judson Fish ရဲ့ ချီးမွမ်းခြင်း

19 Mar 2019     1,325 Views


နာမည်ကျော် စတိုင်လစ်တစ်ဦးဖြစ်တဲ့ Judson Fish တစ်ယောက် The Voice Myanmar 2019 ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ Fish ဟာ အမြင်ရှိတဲ့ စတိုင်ဖြစ်တဲ့အလျောက် နာမည်ကြီး ဆယ်လီတော်တော်များများနဲ့ ခင်မင်ရင်းနှီးသူတစ်ဦးဖြစ်ပါတယ်။

The Voice Myanmar ရဲ့ Blind Audition မှာ Fish ရဲ့ အသံပါဝါဟာ တည်ငြိမ်ပြီး ချို့ယွင်းချက်မရှိတာကြောင့် ဒိုင်လေးယောက်လုံးတောင် ပါးစပ်အဟောင်းသားနဲ့ အံ့အားသင့်ခဲ့ကြတာပါ။

Fish ရဲ့ ပရော်ဖက်ရှင်နယ်အလုပ်ကို လူအများက ဖက်ရှင်စတိုင်လစ်တစ်ယောက်အဖြစ် သိခဲ့ကြတာပါ။ Fish တစ်ယောက် သီချင်းဆိုတာ ဒီလောက်ကောင်းလိမ့်မယ်လို့ ဘယ်သူမှမထင်ခဲ့ကြပါဘူး။

Fish ဟာ ခရစ်ယာန်မိသားစုမှ ပေါက်ဖွားလာတာဖြစ်တဲ့အတွက် ငယ်စဉ်ကတည်းက ဘုရားကျောင်းမှာ သီချင်းဆိုရင်း ဝါသနာပါခဲ့တာဖြစ်တယ်လို့ ပြောပြထားပါတယ်။ ဖက်ရှင်စတိုင်လစ်အလုပ်ဟာ သူ့အတွက် ပရော်ဖက်ရှင်နယ်အလုပ်တစ်ခုဖြစ်ပေမယ့် အဆိုတော်တစ်ယောက်ဖြစ်လာဖို့ကလဲ သူ့ရဲ့ ဒုတိယအိပ်မက်တစ်ခုဖြစ်တယ်လို့ The Voice Myanmar မှာပြောကြားသွားခဲ့ပါတယ်။

ဝါသနာဆိုတာ ဘယ်လိုမှတားဆီးမရဘူးဆိုသလိုပါပဲ Fish ဟာ ၂၀၁၅ ခုနှစ် တိုကျို ၊ ဂျပန်မှာနေထိုင်စဉ်အတောအတွင်း Gospel Mission Church မှာ “ချီးမွမ်းခြင်း” သီချင်းကိုသီဆိုခဲ့ပါတယ်။ Fish တစ်ယောက် စတိုင်လစ်လောကမှာ အောင်မြင်နေရုံသာမက အဆိုတော်တစ်ယောက်ဖြစ်လာနိုင်ဖို့ ပြီးခဲ့တဲ့ နှစ်တွေကတည်းက စတင်ခဲ့ဟန်တူပါတယ်။

Judson Fish ရဲ့ချီးမွမ်းခြင်း သီဆိုထားတာကို ကြည့်ခြင်းအားဖြင့် သူ့ရဲ့ ဝါသနာက မခေလှဘူးဆိုတာ ပရိတ်သတ်ကြီးလဲ သိလောက်ပြီထင်ပါတယ်။ လက်ရှိမှာ ဆယ်လီကိုကို၊ မမတွေကလဲ Fish ကိုဝန်းရံနေကြပါပြီ။ ပရိတ်သတ်ကြီးရဲ့ အဖြေကရော?

(ပိုပိုလေး)

 

 

 

 


19 Mar 2019     1,325 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS