BEC-TERO TV

ဇာတ်လမ်းတွဲမှ ရုပ်ရှင်ကားကြီးအဖြစ်ပြန်လည်ရိုက်ကူးတော့မယ့် The Guests

19 Mar 2019     1,453 Views


လတ်တလော MRTV-4 ကထုတ်လွှင့်ပြသနေတဲ့ The Guests (ဧည့်သည်များ) ရုပ်သံဇာတ်လမ်းတွဲကို ရုပ်ရှင်ကားကြီးအဖြစ် ပြန်လည်ရိုက်ကူးတော့မယ်လို့ သိရပါတယ်။

The Guests ဇာတ်လမ်းတွဲ Production Team မှ ရုပ်ရှင်ဇာတ်ကားအဖြစ်ပြန်လည်ရိုက်ကူးမည်ဖြစ်ကြောင်း မတ်လ ၁၈ ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။ သရုပ်ဆောင်ကတော့ ပြောင်းလဲခြင်းမရှိ ၊ The Guests ဇာတ်လမ်းတွဲရဲ့ မူလသရုပ်ဆောင်များဖြစ်တဲ့ Kim Jae Wook, Kim Dong Wook, Jung Eun Chae တို့နဲ့ပဲဆက်လက်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

The Guests ဇာတ်လမ်းတွဲဟာ သရဲများပါဝင်ပြီး ကြောက်မက်ဖွယ်ကောင်းတာကြောင့် စိတ်ဝင်စားတဲ့ ပရိတ်သတ်အများအပြားပါပဲ။ ပတ်အီဒိုဆိုတဲ့ သရဲများ ဘယ်အချိန်ပေါ်လာမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာစောင့်မျှော်နေရတာကလဲ ဖီးလ်တစ်မျိုးပါပဲနော်။

အခုလဲ ရုပ်ရှင်ကားကြီးအနေနဲ့ ဘယ်လိုပြန်လည်ပုံဖော်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ နာမည်ကြီးပြီးသားကိုးရီးယား ဇာတ်လမ်းတွဲတစ်ခုကို အခုလို ရုပ်ရှင်ဇာတ်ကားအဖြစ်ပြန်လည်ရိုက်ကူးမယ်ဆိုရင် စိတ်ဝင်စားသူ နည်းသွားလိမ့်မယ်လို့ မထင်လိုက်ပါနဲ့။

တစ်ချိန်က နာမည်ကြီးခဲ့တဲ့ Cheese in the trap ဒရာမာဇာတ်လမ်းတွဲကို လဲ ရုပ်ရှင်ကားအဖြစ် ပြန်လည်ရိုက်ကူးဖူးပါတယ်။ မင်းသားကတော့ ပြောင်းလဲခြင်းမရှိပေမယ့် မင်းသမီးနဲ့ တခြားအရံသရုပ်ဆောင်တွေပြောင်းလဲခဲ့ပါတယ်။ ဒါပေမဲ့ Cheese in the trap ကိုကြိုက်နှစ်သက်တဲ့ ပရိတ်သတ်ကြီးကတော့ ဆက်လက် အားပေးနေတုန်းပါပဲ။

The Guests ကို ရုပ်ရှင်ကားကြီးအဖြစ်ပြန်လည်ရိုက်ကူးတာဟာ ဇာတ်လမ်းနောက်ခံက တူတူဖြစ်မလား၊ ပြောင်းလဲသွားမလားဆိုတာမသေချာသေးသလောက်ရှိပါတယ်။ The Guests ကားကြီးကို ဘယ်လိုပုံစံနဲ့ ပြန်လည်အသက်သွင်းမလဲဆိုတာ အတူစောင့်မျှော်ကြည့်ရှုလိုက်ကြရအောင် ပရိတ်သတ်ကြီးရေ။

(ပိုပိုလေး)

 

 


19 Mar 2019     1,453 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS