BEC-TERO TV

မိန်းမလျာဇာတ်ရုပ်ရဖို့ နောက်ကွယ်ကပြင်ဆင်မှုတွေကို ချပြလိုက်တဲ့ နေတိုး

21 Mar 2019     2,065 Views


ရုပ်ရှင်သရုပ်ဆောင် နေတိုးကတော့ အနုပညာလောကထဲမှာ သမ္ဘာရင့်၊ ၀ါရင့်နေပြီဖြစ်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို ပရိသတ်အားပေးမှု အများဆုံးရရှိထားတဲ့ ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်ပါတယ်။ ပျိုပျိုအိုအို ကျားမမရွေးကြိုက်နှစ်သက် အားပေးကြတဲ့ နေတိုးကတော့ တစ်ကိုယ်တည်းလူပျိုကြီးဘ၀နဲ့ ရပ်တည်ဖြတ်သန်းရင်း အနုပညာအလုပ်တွေကို တစ်စိုက်မတ်မတ်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။

အနုပညာပါရမီ အရည်အချင်းပြည့်ဝတဲ့ နေတိုးကတော့ ဘယ်လိုဇာတ်ကောင်မျိုးကိုမဆို ပီပီပြင်ပြင်သရုပ်ဆောင်ပြနိုင်တာကြောင့် သူ့ရဲ့ထွက်သမျှရုပ်ရှင်တိုင်းကို ရုံပြည့်ရုံလျှံဖြစ်သည်အထိ ပရိသတ်တွေကစောင့်မျှော်အားပေးနေကြရတာပါ။ လက်ရှိမှာလည်း နေတိုးရဲ့မိန်းမလျာတစ်ယောက်ပုံစံနဲ့ ပီပီပြင်ပြင်သရုပ်ဆောင်ပြထားတဲ့ “တာတူး” ရုပ်ရှင်ကားကို ရုံတင်ပြသနေသလို မိန်းကလေးတစ်ယောက်ထက်တောင် လှပအောင်ပြင်ဆင်ချယ်သထားတဲ့ နေတိုးရဲ့ပုံစံကိုတော့ ကြည့်ရှုသူပရိသတ်တိုင်းက သဘောကျနေတာပဲဖြစ်ပါတယ်။

မိန်းကလေးလို ပြင်ဆင်ဝတ်စားရတဲ့ တာတူးဇတ်ကောင်ရဖို့ နောက်ကွယ်ကကြိုးစားဖန်တီးခဲ့ရပုံတွေကို နေတိုးက သူ့ရဲ့လူမှုကွန်ယက်ကနေ ပရိသတ်ကြီးကိုဝေမျှခဲ့ပါတယ်။ အချိန် ၂ နာရီလောက်ကြာအောင် ပြင်ဆင်ချယ်သခဲ့ရတဲ့ နေတိုးတစ်ယောက် အားလုံးပြီးဆုံးသွားချိန်မှာတော့ မမှတ်မိနိုင်လောက်အာင် မိန်းမချောလေးတစ်ယောက်လို ပြောင်းလဲလှပသွားတာကိုတော့ ပရိသတ်ကြီးအားလုံးလဲ မြင်တွေ့ပြီးဖြစ်မှာပါနော်။ နေတိုးက သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရိုက်ကွင်းနောက်ကွယ်ကပုံရိပ်တွေနဲ့အတူ “တာတူးဖြစ်လာဖို့ နောက်ကွယ်မှကြိုးစားပေးခဲ့ကြသူများ… ပရိသတ်အတွက် ထာဝရနေတိုး” ဆိုပြီး ရေးသားမျှဝေထားတာပဲဖြစ်ပါတယ်။

အနုပညာနဲ့ပတ်သက်ရင် စိတ်ရောကိုယ်ပါနှစ်ပြီး အကောင်းဆုံးကြိုးစားပြတဲ့ မင်းသားနေတိုးကတော့ ဒီနှစ်အကယ်ဒမီပေးပွဲအတွက်လည်း အမျိုးသားဇတ်ဆောင်ဆုရဖို့ တစ်ပြေးနေသူဖြစ်ပါတယ်။ မိုးညအိပ်မက်မြူ၊ နက္ခတ်မှားတဲ့ တိုက်ပွဲ၊ တာတေကြီး ရုပ်ရှင်ဇတ်ကားတွေနဲ့ အကောင်းဆုံးအမျိုးသားဇတ်ဆောင်ဆုတွေရရှိထားတဲ့ နေတိုးဟာ ဒီနှစ်မှာလည်း အကယ်ဒမီထပ်ရမယ်ဆိုရင်တော့ နေတိုးတစ်ယောက် လေးထပ်ကွမ်းအကယ်မီဆုရှင်ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

(ပိုပိုလေး)

 


21 Mar 2019     2,065 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment