BEC-TERO TV

လက်သည်းဝါခြင်းရောဂါအကြောင်းသိကောင်းစရာများ

20 Aug 2015     1,866 Views


လက်သည်းဝါရခြင်းအကြောင်းကတော့ အဓိက ၃ရပ်ရှိပါတယ်။ ခန္ဓာကိုယ်ထဲ နီကိုဒင်းဓာတ်တွေ လက်ခံတာများတာကြောင့်၊ အရည်အသွေးမကောင်းတဲ့ လက်သည်းဆိုးဆေးတွေကို အမြဲဆိုးခြင်းကြောင့်၊ ဆေးလိပ်အလွန်အကျွံသောက်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ ခြေသည်းလက်သည်းတွေက ကျိုးလွယ်မယ်၊ ခြေသည်းလက်သည်းတွေပေါ်မှာ အဖြူကွက်တွေပေါ်ခြင်း ၊ ခြေသည်းလက်သည်းတွေ အလွှာလိုက်ကွာထွက်ခြင်းတွေကတော့ ခန္ဓာကိုယ်မှာ ဓာတ်ဆားတွေ ဗီတာမင်တွေချို့တဲ့ရင် တွေ့ရတတ်ပါတယ်။
 
ချိုင့်တဲ့လက်သည်းတွေက ဆံပင်ကျွတ်များတဲ့သူတွေ အရေပြားဓာတ်မတည့်မှုရှိတဲ့သူတွေမှာတွေ့ရတက်ပါတယ်။ လှိုင်းပေါ်တဲ့လက်သည်းတွေက ကျောက်ကပ်လက္ခဏာကိုပြပါတယ်။ လူရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုလဲ ရပ်တန့်စေပါတယ်။ လက်သည်းခြေသည်းတွေထူခြင်းကတော့ သွေးကြောစနစ်မကောင်းခြင်းနှင့် သွေးကြောလည်ပတ်မှုပုံမှန်မရှိခြင်းကို ပြနေပါတယ် ။ခြေသည်းလက်သည်းတွေပြားနေခြင်းကတော့ ခြေချောင်းလက်ချောင်းတွေမှာ သွေးလည်ပတ်စီးဆင်းမှုပုံမှန်မရှိခြင်း ခြေချောင်းလက်ချောင်းတွေမှာအေးနေတတ်ခြင်း လက္ခဏာတွေနဲ့တွဲနေတက်ပါတယ်။
 
ပါးလွှာတဲ့လက်သည်းတွေဟာ ယားယံတဲ့အရေပြားရောဂါ ရှိတဲ့သူတွေမှာတွေ့ရတတ်ပါတယ်။အဖျားမှာ ကောက်ကွေးနေတဲ့လက်သည်းတွေကတော့ အဆုတ်ရောဂါ၊ အူလမ်းကြောင်းရောဂါ ၊နှလုံးရောဂါ ၊အသည်းရောဂါတွေကို ဖော်ပြနေခြင်းဖြစ်ပါတယ်။ လက်သည်းခြေသည်းအရောင်တွေနဲ့ပတ်သတ်ပြီး ဖြစ်ပေါ်တတ်တဲ့ရောဂါတွေကတော့ အစိမ်းရင့်ရောင်ရှိတဲ့ လက်သည်းခြေသည်းပိုင်ရှင်တွေမှာဆိုရင် ဆိုးရွားတဲ့ရင်ကျပ်ရောဂါ ၊နှလုံးရောဂါ ၊လေပြွန်ရောင်ရမ်းတဲ့ရောဂါတွေရှိနိုင်ပါတယ်။ အဝါရောင်လက်သည်းပိုင်ရှင်တွေကတော့ အဆုတ်ရောဂါ ၊ အသည်းရောဂါ ၊ကျောက်ကပ်ရောဂါ ၊ ဗီတာမင် E ချို့တဲ့နေတဲ့ရောဂါတွေကို တွေ့ရတက်ပါတယ်။
 
လက်သည်းခြေသည်းတွေကိုကြည့်ပြီး အစာအာဟာရချို့တဲ့ခြင်းကိုလဲ သိနိုင်ပါတယ်။ ဖြူဖျော့နေတယ် ပါးလွှာနေတယ် ကျိုးပဲ့နေတဲ့လက်သည်းခြေသည်းတွေက သံဓာတ်ချို့တဲ့ခြင်းနဲ့ပရိုတင်းချို့တဲ့ခြင်းကိုလဲ ပြပါတယ်။
 
အဝါရောင်ရှိနေတဲ့လက်သည်းခြေသည်းတွေကို အဝါရောင်ပျောက်အောင်ပြုလုပ်နည်းတွေကတော့ ရေချိုးတဲ့ခွက်ထဲကိုရေထည့်ပြီး သံပုရာသီးခြမ်းအစိတ်အနည်းငယ်ထည့်ပါ (သို့) မန်ကျည်းရည်အနည်းငယ်ထည့်ပြီး ရေခွက်ထဲမှာ မိမိရဲ့လက်ကို ၅ မိနစ်မှ ၁ဝ မိနစ်တိုင်အောင်စိမ်ထားပေးပြီး အစိုဓာတ်ကိုပြန်လည်ထိန်းချုပ်နိုင်အောင် cream ပါတာလေးတွေကို လက်သည်းခြေသည်းမှာ ပြန်လည်လိမ်းပေးသင့်ပါတယ်။
 
လက်သည်းခြေသည်းတွေအကြောင်းကို သိရှိမယ် ဘယ်လိုအရောင်ဖြစ်ရင် ဘာရောဂါတွေနဲ့ဆက်စပ်နေမယ်ဆိုတာကို သိရှိမယ်၊ လက်သည်းခြေသည်းဝါတာကို ဘယ်လိုကာကွယ်မယ် ပျောက်ကင်းအောင်လုပ်မယ် ဆိုတာကိုသိရှိမယ်ဆိုရင် လှပတဲ့လက်သည်းခြေသည်းလေးတွေပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
 
(ပိုပိုလေး)

 


20 Aug 2015     1,866 Views




RELATED

Most Popular of Health Fix

Most Popular of Life Style