BEC-TERO TV

ဘက်တစ်နဲ့ပွဲမှာသွင်းခဲ့တဲ့ မက်စီရဲ့ သွင်းဂိုးပုံစံဟာ လွန်ခဲ့တဲ့ ၁၁ နှစ်က လမ်းပတ်သွင်းခဲ့ဖူးပါတယ်

21 Mar 2019     1,779 Views


ဘာစီလိုနာကစားသမား မက်စီဟာ ပြီးခဲ့တဲ့ အပါတ်တုန်းက ဘက်တစ်နဲ့ ပွဲစဉ်မှာ လှပတဲ့ သွင်းဂိုးတစ်ဂိုးကြောင့် လူပြောများခဲ့ပြီး ပြိုင်ဘက် ပရိတ်သတ်တွေကပါ လက်ခုတ်တီးအားပေးခဲကြပါတယ်။

အဆိုပါဂိုးကို ဒုတိယပိုင်း ၈၅ မိနစ်အရောက်မှာ ရာကီတစ်က ထိုးပေးတဲ့ ဘောလုံးကို ကိုက်၂၀ အကွားအဝေး ရှိတဲ့ ဧရိယာအပြင်ဘက်ကနေ တိုက်ရိုက်ကန်သွင်းခဲ့တာဖြစ်ပါတယ်။ အဆိုပါဂိုးကို ဘယ်ခြေနဲ့ အချိန်အဆမှန်မှန် ကန်သွင်းနိုင်ဖို့ ဟာ တစ်ကယ်ခက်ခဲ့တဲ့ ဂိုးဖြစ်ပါတယ်။ ဒါကြောင့် သူရဲ့ လှပတဲ့သွင်းဂိုးကို ပြိုင်ဘက်ပရိတ်သတ်တွေကပါ လက်ခုတ်တီးပြီးအာပေးခဲ့ပါတယ်။

အဆိုပါ ဂိုးပုံစံမျိုးကို မက်စီ မတိုင်မီကတည်းက  ဖရန့်လမ်းပတ်က  ၂၀၀၈ ခုနှစ်မှာ ဟူးစီးတီးအသင်းကို သွင်းယူခဲ့တာဖြစ်ပါတယ်။ လမ်းပတ်ရဲ့ ဂိုးဟာ ချလ်ဆီးကစားသမား မာလူဒါနဲ့ ဟူးစီးတီးနောက်ခံလူ အတွေ့ မှ ဖြတ်ထွက်လာတဲ့ ဘောလုံးကို အသာလေ်းမတင်ပြီး ဂိုးအဖြစ်ရယူခဲ့တာဖြစ်ပါတယ် ။ အခုဆို ၁၁ နှစ်တိုင်ကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။

 


21 Mar 2019     1,779 Views




RELATED

Most Popular of Football

Most Popular of Sport