BEC-TERO TV

Tik Tok မှာကောင်လေးတစ်ယောက်နဲ့ သာယာကြည်နူးနေတဲ့ သင်းသင်း

22 Mar 2019     1,433 Views


အလှမယ် သင်းသင်းဟာ လတ်တလောမှာ သရုပ်ဆောင် ဝေဋ္ဌုကျော်နဲ့ အမှုကို ဆက်လက်ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ သင်းသင်းကတော့  သူမဘက်က ဘာကိုမှ  လီဆယ်ကြံဖန်ပြောဆိုထားခြင်းမရှိကြောင်း တရားရုံးကို ဖုန်း record နှင့်တကွ ချပြထားပြီဖြစ်ပေမယ့် လက်ရှိမှာ ရုံးတော်က အမိန့်မချမှတ်ထားသေးတဲ့ အခြေအနေဖြစ်နေပါတယ်။

သင်းသင်းအနေနဲ့ အချစ်ရေးကိစ္စမှာ ဂျင်းထည့်ခံလိုက်ရတာနဲ့ ပတ်သတ်ပြီး နာကျည်းမိကြောင်းကို ပရိတ်သတ်ကို ဒီလို ပြောကြားထားပါတယ်။ “ဂျင်းထည့်ခံရမှန်း သိတဲ့အချိန် အရမ်းနောက်ကျသွားပြီ အစ်မတို့မိန်းမသားတော်တော်များများက သနားတတ်တယ်လေ သူတို့ဘက်က ယုံနိုင်တဲ့အတိုင်းအတာထိအောင်ပြောခဲ့တာကို ယုံခဲ့မိလို့ ခံလိုက်ရတဲ့အတွက် စိတ်မကောင်းတော့ဖြစ်မိပါတယ်။ အစ်မတော့ အရမ်းကြောက်နေပြီ သူတို့ငိုပြ လဲ အဟုတ်ထင်ခဲ့မိတော့ ယောင်္ကျားတစ်ယောက်မျက်ရည်ကျတာ ဘာလို့လဲ အခုလို ဟန်ဆောင်ပြီး အယုံသွင်းချင်လို့ပဲမြင်ပါတယ်။ တချို့ယောင်္ကျားတွေလဲ ယောင်္ကျားကောင်း ယောင်္ကျားမြတ်တွေရှိပါတယ် လူတိုင်းတော့ မဆိုလိုပါဘူးတော်တော်ချင့်ချိန်စေချင်တယ် ကိုယ်ကတော့ တော်တော်လေးကြောက်နေပါပြီ” ဆိုပြီး သူမခံစားချက်တွေကို ရင်ဖွင့်သွားခဲ့ပါတယ်။

အချစ်ရေးနဲ့ ပတ်သတ်ပြီးတော့ သင်းသင်းက “အစ်မယုံကြည်အားထားတာက ယောင်္ကျားတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ စိတ်ဓာတ်ပေါ့နော်၊ ကိုယ့်ထက်လည်း အသက်ကြီးတော့ ယုံမိလိုက်တာပေါ့၊ အခုဆိုရင် ချမ်းသာတဲ့ ယောင်္ကျားလဲမယုံတော့ဘူး၊ အပြောကောင်းတဲ့သူလဲမယုံတော့ဘူး၊ ငိုပြတဲ့ ယောင်္ကျားတွေကိုလဲ အရမ်းကြောက်နေပြီ” လို့ပြောထားခဲ့ပါတယ်။ သို့ပေမဲ့ သိပ်မကြာသေးခင်မှာပဲ သင်းသင်းနဲ့ကောင်လေးတစ်ယောက် ချစ်ကြည်နူးဖွယ် Tik Tok ဆော့နေတဲ့ ဗွီဒီယိုလေး လူမှုကွန်ယက်မှာပြန့်နှံ့လာပါတယ်။

ဗွီဒီယိုထဲမှာ သင်းသင်းက အမျိုးသားရဲ့ လက်ကိုကိုင်ထားပြီးပခုံးကိုမှီနွဲ့ထားပါတယ်။ နောက်ခံတေးသီချင်းကတော့ အတူတူနားမှာမင်းလေးရှိတဲ့အချိန် ဆိုတဲ့ အပိုဒ်လေးဖြစ်တာကြောင့် ပရိတ်သတ်တွေကတော့သင်းသင်းတစ်ယောက် ရည်းစားရသွားပြီဆိုပြီးဝမ်းသာနေကြပါတယ်။ သင်းသင်းကတော့ ဒီကိစ္စအတွက် ဖြေရှင်းခြင်းမျိုးမရှိသေးပါဘူး။ ပရိတ်သတ်တွေကတော့ သူငယ်ချင်းဖြစ်မယ်လို့လဲ ထင်ကြေးပေးနေကြပါတယ်။ သင်းသင်းရဲ့ ဗွီဒီယိုဖိုင်လေးကို ပိုပိုလေးပရိတ်သတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

(ပိုပိုလေး)

Credit- nanmalgyi

 


22 Mar 2019     1,433 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS