BEC-TERO TV

၆ နှစ်အတွင်း ရုပ်ရှင်ထူးချွန်ဆု ၄ ကြိမ်အထိရရှိခဲ့တဲ့ ဒါရိုက်တာဝိုင်း

23 Mar 2019     1,697 Views


၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆုကို ‘’ ရွှေကြာ ‘’ ဇာတ်ကားနဲ့ ဒါရိုက်တာ ဝိုင်း က ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားဟာ ပရိသတ်တွေ အားပေးမှု အများကြီး ရရှိပိုင်ဆိုင်ထားခဲ့ရတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်တာကြောင့် အဆိုပါဆိုဟာ ထိုက်တန်ခဲ့တာဖြစ်ပါတယ်။

 “ ရွှေကြာ ‘’ ရုပ်ရှင်ဇာတ်ညွှန်းဆုကို   ရရှိခဲ့တဲ့ ဝိုင်းက ‘’ကျိန်းသေတာ တစ်ခုကတော့ ပ၇ိသတ်ကို စေတနာထားပါတယ်။ စေတနာ ရောင်ပြန်တယ်လို့ ထင်ပါတယ်။ ကျွန်တော့်ကို ၂၃ နှစ်ကတည်းကနေ ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ သင်ကြားပေးခဲ့တဲ့ ဒါရိုက်တာ ညီညီထွန်းလွင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ အဖွဲ့များ သရုပ်ဆောင်များကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီ့ထက်ပိုကောင်းအောင် ကြိုးစားပါ့မယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်’’ ဆိုပြီးတော့ ပြောပါတယ်။

ဒါရိုက်တာ ဝိုင်းဟာ ၂၀၁၃ ခုနှစ်က ‘’စေတန်ရဲ့ ကချေသည်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒါရိုက်တာဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၅ ခုနှစ်မှာ ‘’ကျွန်မက နှင်းဆီပါ မောင်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒါရိုက်တာဆု ကို ထပ်မံရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ‘’ရင်ဘတ်ထဲက ဓား’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ယခုနှစ်မှာတော့ ကိုယ်ပိုင်ဇာတ်ညွှန်းဆုကို ဆက်လက်ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။

 


23 Mar 2019     1,697 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS