ပရိသတ် ၆၀၀၀၀ ကျော် ဝင်ဆန့်တဲ့ ကွင်းသစ်ကြီးကို စတင်မိတ်ဆက်ပြလိုက်တဲ့ စပါးအသင်း
25 Mar 2019 1,638 Views

စပါးအသင်းဟာ ပရိသတ် ၆၀၀၀၀ ကျော် ဝင်ဆန့်တဲ့ ကွင်းသစ်ကြီးကို ဆောက်သမ်တန်နဲ့ ခြေစမ်းပွဲကစားပြီး စတင်ဖွင့်လှစ်လိုက်ပါတယ်။၁၈နှစ်အောက် အသင်းတွေ ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ စပါးအသင်းက ဆောက်သမ်တန်အသင်းကို ၃:၂ နဲ့ အနိုင်ရသွားပါတယ်။

မြောက်လန်ဒန် အခြေစိုက် အသင်းတသင်းဖြစ်တဲ့ စပါးအသင်းဟာ သူတို့ရဲ့ ဝှိုက်ဟတ်လိန်း ကွင်းဟောင်းကြီးကို ၂၀၁၇ ခုနှစ်မှာဖြို ချခဲ့ပြီး ကွင်းသစ်စီမံကိန်းကို စတင်နေခဲ့တာဖြစ်ပါတယ်။ ကွင်းသစ်ကြီး တည်ဆောက်နေစဉ်အတောအတွင်း မှာ တော့ အင်္ဂလန် ရဲ့ ဝင်ဘာလေ ကွင်းကြီးကို ယာယီအိမ်ကွင်း အဖြစ် ငှားရမ်း အသုံးပြုနေခဲ့တာဖြစ်ပါတယ်။

အဆိုပါကွင်းသစ်ကြီးမှာ စပါး တို့ဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် မှာ ပြည်တွင်း ပြိုင်ဘက် မန်စီးတီး အသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ် လို့ သိရပါတယ် ။ ပိုချက်တီနိုက လည်း ကွင်းသစ်ကြီးမှာရွှေ့ပြောင်း ကစားဖို့ မစောင့်နိုင်အောင်ပါပဲ ၊ ကံကောင်းခြင်းတွေနဲ့ အနိုင်ရဖို့ မျှော်လင့်နေတယ်လို့သိရပါတယ်။ အဆိုပါကွင်းသစ်ဟာ ပရိတ်သတ် ၆၂၀၀၀ ခန့်ဝင်ဆံ့ပြီး ၁ ဘီလီယံ ခန့်အကုန်ကျခံ ဆောက်လုပ်ခဲ့တယ် လို့သိရပါတယ်။






