BEC-TERO TV

ရွှေကြာရုပ်ရှင်ကားကို ရွေးချယ်ရိုက်ကူးဖြစ်ခဲ့တဲ့ အကြောင်းရင်းကို ပြောပြခဲ့တဲ့ ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေး

25 Mar 2019     1,499 Views


ပရိသတ်ကြီးရေ ၂၀၁၈ ခုနှစ်အတွက်ကျင်းပပြုလုပ်တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲကြီးကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ မြန်မာ့ရုပ်ရှင်လောကရဲ့ ကဏ္ဍအသီးသီးမှာ ထူးချွန်ကြတဲ့ အတတ်ပညာရှင်တွေကတော့ အကယ်ဒမီဆုတွေကို ထိုက်တန်စွာရရှိခဲ့ပါတယ်။ ထိုထဲတွင် ၂၀၁၈ ခုနှစ်မှာ ဆန်ခါတင်စားရင်းဝင် ၆ ကားနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုရဖို့ တစ်ပြေးနေခဲ့တဲ့ မင်းသမီးလေးဖွေးဖွေးဟာဆိုရင်လည်း အားလုံးရဲ့ခန့်မှန်းချက်တွေနဲ့ အကယ်ဒမီဆုကြီးကို ထပ်ရလို့ ယခုဆိုရင် သုံးထပ်ကွမ်းအကယ်ဒမီဆုရှင်တစ်ယောက် ဖြစ်လို့သွားပါပြီ။

ဖွေးဖွေးကတော့ ဒါရိုက်တာဝိုင်းရိုက်ကူးတဲ့ ရွှေကြာရုပ်ရှင်ဇတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇတ်ဆောင်ဆုကို သိမ်းပိုက်ရရှိသွားတာပဲဖြစ်ပါတယ်။ ရွှေကြာဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းဟာ ပရိသတ်ကြီးအားလုံးသိကြတဲ့အတိုင်း မကောင်းတဲ့လမ်းမှားကိုရောက်နေတဲ့ အမျိုးသမီးလေးတွေကို ရည်ရွယ်ရိုက်ကူးထားတဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ရွှေကြာဆိုတဲ့ မိန်းမငယ်လေးတစ်ယောက်အဖြစ် အကောင်းဆုံးပုံဖော်သရုပ်ဆောင်နိုင်ခဲ့တဲ့ ဖွေးဖွေးဟာဆိုရင် သူမအနေနဲ့ ဒီကားလေးကို လက်ခံရိုက်ကူးဖြစ်ခဲ့တဲ့ အကြောင်းရင်းလေးကို အကယ်ဒမီပေးပွဲအပြီး မီဒီယာတွေနဲ့ အင်တာဗျူးမှာပြောကြားသွားခဲ့ပါတယ်။

ဖွေးဖွေးပြောပြခဲ့တာကတော့ “ဒီရွှေကြာဇာတ်လမ်းကိုရိုက်ဖို့ စလက်ခံလိုက်တည်းက တစ်ချို့တွေဆိုရင် ကန်တော့ ဖာကားလို့ပြောကြတဲ့သူတွေ၊ ဝေဖန်ကြတဲ့လူတွေ အရမ်းများကြတယ်။ ဖွေးကဘာလို့လက်ခံခဲ့တာလဲဆိုတော့ ဒီလိုရွှေကြာလိုမျိုးဖြစ်နေတဲ့၊ ဒုက္ခရောက်နေတဲ့၊ ရုန်းထွက်ချင်ရက်နဲ့ မရုန်းထွက်နိုင်တဲ့ မိန်းကလေးတွေက ဖွေးသရုပ်ဆောင်ထားတဲ့ ဒီရွှေကြာကားကိုကြည့်ပြီးတော့ အားတစ်ခုရသွားမယ်၊ အခုရုန်းမထွက်နိုင်သေးဘူးဆိုရင်တောင် တစ်နေ့နေ့မှာရုန်းထွက်နိုင်ဖို့စိတ်လေးဝင်သွားပြီဆိုရင် ဖွေးဒီရွှေကြာကားလေးကို ရိုက်ရကျိုးနပ်ပါတယ်” ဆိုကာ သူမအနေနဲ့ လမ်းမှားရောက်နေကြတဲ့ မိန်းမငယ်လေးတွေကို လမ်းမှန်ပြန်ရောက်စေဖို့အတွက် ရည်ရွယ်ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း ပြောပြသွားခဲ့ပါတယ်။

ဖွေးကိုချစ်တဲ့ ပရိသတ်တွေက ဖွေးစိန်လေးတစ်ယောက် သုံးထပ်ကွမ်းအကယ်ဒမီဆုရှင်ဖြစ်သွားလို့ ပျော်ရွှင်နေကြသလို တစ်ချို့ပရိသတ်တွေကလည်း ရွှေကြာကားနဲ့ဆုရသွားတဲ့အတွက် ဖွေးစိန်လေးဂုဏ်ထိခိုက်တယ်ဆိုပြီး ဝေဖန်ပြောဆိုနေကြတာတွေလဲ တွေ့ရပါတယ်။ မည်သို့ပဲဆိုဆို ဖွေးလေးကတော့ ကိုယ်ကျရာဇတ်ရုပ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားသရုပ်ဆောင်သူဆိုတာကတော့ အားလုံးလက်ခံပြီးဖြစ်မှာပါနော်...

(ပိုပိုလေး)

 


25 Mar 2019     1,499 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS