အကယ်ဒမီမရခဲ့ပေမယ့် ပရိတ်သတ်ပေးတဲ့ ဒေါ်လာရာချီတန် ပန်းချီကားကို လက်ဆောင်ရရှိခဲ့တဲ့နေတိုး
25 Mar 2019 1,892 Views

အကယ်ဒမီ နေတိုးဟာ ၂၀၁၈ ခုနှစ်အကယ်ဒမီရုပ်ရှင်ဆုပေးပွဲကြီးမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ဆန်ကာတင်စာရင်းဝင်တစ်ဦးဖြစ်ခဲ့ပါတယ်။ နေတိုး ဟာ မိုးညအိပ်မက်မြူ ၊ နက္ခတ်မှားတဲ့တိုက်ပွဲရုပ်ရှင်ကားကြီးများနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင် ထပ်ဆင့်အကယ်ဒမီဆုကို ဆွတ်ခူးရရှိထားသူဖြစ်ပါတယ်။
ဒီနှစ် ၂၀၁၈ အကယ်ဒမီ ဆုပေးပွဲမှာလဲ မီ၊ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားများနဲ့ ဆန်ကာတင် စာရင်းဝင်ခဲ့ပါတယ်။ အများစုက နေတိုးကို “မုန်းစွဲ” ရုပ်ရှင်ကားကြီးနဲ့ အမျိုးသားဇာတ်ဆောင်ဆုရရှိဖို့မှန်းထားကြပေမယ့် ၂၀၁၈ ရဲ့ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုကို သရုပ်ဆောင် သူထူးစံကပဲ ဆွတ်ခူးရရှိခဲ့ပါတယ်။
နေတိုးအနေနဲ့ သူအကယ်ဒမီမရတဲ့အတွက်စိတ်မပျက်ပဲ အကယ်ဒမီရတဲ့ သူငယ်ချင်း ကျော်ကျော်ဗိုလ်အတွက် ဝမ်းသာပေးနေခဲ့ပါတယ်။ နှင်းဆီအဖွဲ့သားချင်းအတူတူ ဖြစ်တဲ့ သူငယ်ချင်းဖြစ်သူ ကျော်ကျော်ဗိုလ်ကို မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်ဖို့ နေတိုးမှ ဒါရိုက်တာ သြရသကိုအကြံဥာဏ်ပေးခဲ့လို့ ဒီကားမှာ သရုပ်ဆောင်ခွင့်ရရှိခဲ့တာဖြစ်ကြောင်း ကျော်ကျော်ဗိုလ်မှလဲ ပြောကြားသွားခဲ့ပါတယ်။ ကျော်ကျော်ဗိုလ် အကယ်ဒမီရတဲ့ အဓိကအကြောင်းအရင်းဟာ နေတိုးဖြစ်ကြောင်း ၊ နေတိုးကို ကျေးဇူးတင်ရှိကြောင်းပြောကြားသွားခဲ့ပါတယ်။
နေတိုးတစ်ယောက် အကယ်ဒမီမရရှိခဲ့ပေမယ့် အကယ်ဒမီပေးပွဲအပြီးမှာ “ထာဝရနေတိုး ပရိတ်သတ်များ” က ဗိုလ်ချုပ်ပုံပိုက်ဆံပါဝင်တဲ့ နေတိုးရဲ့ ပုံတူပန်းချီကို လက်ဆောင်ပေးအပ်ခဲ့ကြပါတယ်။ ဒီပန်းချီကားဟာ ဒေါ်လာ ၉၀၀ တန်ပြီး မြန်မာငွေအားဖြင့် ၁ သန်းကျော်တန်ဖိုးရှိပါတယ်။ ပြည်သူချစ်မင်းသားနေတိုးဟာ အကယ်ဒမီမရပေမယ့် ပရိတ်သတ်ရဲ့ အချစ်တွေကိုတော့ အပြည့်အဝရရှိထားပါတယ်။
နေတိုးကို ဒေါ်လာ ၉၀၀ တန်ပန်းချီကားပေးအပ်ခဲ့ကြတဲ့ ထာဝရလေးတွေရဲ့ နာမည်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
(ပိုပိုလေး)
Credit- Skynet Uptodate