BEC-TERO TV

ဝေဖန်မှုတွေထနေတဲ့ အကယ်ဒမီဂယက်နဲ့ ပတ်သက်လို့ ဒဲ့ပြောလိုက်တဲ့ မင်းမော်ကွန်း

25 Mar 2019     1,400 Views


၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကြီးကတော့ အောင်မြင်စွာနဲ့ပဲ ပြီးဆုံးသွားခဲ့ပြီဖြစ်သော်လည်း ပရိသတ်တွေနဲ့ တစ်ချို့သောအနုပညာရှင်တွေကြားထဲမှာတော့ မပြီးဆုံးနိုင်သေးတဲ့ အကယ်ဒမီဂယက်တွေကတော့ ရိုက်ခတ်နေတုန်းပဲဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်အစည်းအရုံး အကဲဖြတ်အဖွဲ့ကနေ ကဏ္ဍအသီးသီးမှာထူးချွန်ကြတဲ့ အနုပညာရှင်တွေကို အကယ်ဒမီဆုတွေပေးအပ်ချီးမြှင့်ခဲ့ပေမယ့် တစ်ချို့အနုပညာရှင်တွေကို ပေးအပ်ချီးမြှင့်မှုက ပရိသတ်ဆန္ဒနဲ့ အနည်းငယ်ကွဲလွဲနေတာကြောင့် ဝေဖန်မှုတွေက အုပ်အော်သောင်းနင်းထွက်ပေါ်နေတာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်ရဲ့အကယ်ဒမီပေးပွဲကြီးကတော့ ဂယက်ပေါင်းသောင်းခြောက်ထောင်နဲ့ ပြောစမှတ်ဖြစ်နေပြီး အွန်လိုင်းတစ်ခွင်မှာလည်း အကယ်ဒမီပေးပွဲနဲ့ပတ်သက်တဲ့ မကျေနပ်ချက်တွေ၊ ဝေဖန်ပြောဆိုမှုတွေနဲ့သာပြည့်နှက်လို့နေပါတယ်။ အကယ်ဒမီပေးပွဲကြီးအပေါ် သဘောထားမတိုက်ဆိုင်တဲ့အထဲမှာ ပရိသတ်တွေအပြင် တစ်ချို့သောအနုပညာရှင်တွေပါ ပါဝင်ခဲ့ပါတယ်။ အမျိုးမျိုးသောဝေဖန်မှုတွေနဲ့ တွေ့ကြုံနေရတဲ့ အကယ်ဒမီဂယက်နဲ့ပတ်သက်လို့ ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်းက ဒဲ့ပြောလိုက်တာဖြစ်ပါတယ်။

သရုပ်ဆောင်မင်းမော်ကွန်းပြောလိုက်တာကတော့ “Generation gap သိပ်ကြောက်ဖို့ကောင်းတယ်။ ခေတ်ကိုမသိရင် ပရိသတ်နဲ့ ကွဲလွဲနေမှာပါပဲ” ဆိုပြီး သူ့ရဲ့အမြင်ကို ရေးသားထားကာ ထိုပို့စ်ရဲ့အောက်မှာတော့ တစ်ချို့အနုပညာရှင်တွေက ထောက်ခံချက်တွေ ပြန်လည်ရေးသားထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် ယမန်နေ့ကလည်း အကယ်ဒမီဆုတွေနဲ့ လွဲချော်သွားခဲ့တဲ့ မီရုပ်ရှင်၊ ဥပါယ်တံမျဉ်နဲ့ နေတိုးတို့ပုံရိပ်တွေကိုတင်ပြီး “အပျော်ကတစ်ဝက် ရင်ထဲမှာတော့..” ဆိုတဲ့စာသားလေးပါ ရေးသားထားခဲ့တာကြောင့် မင်းမော်ကွန်းတစ်ယောက် သူမျှော်မှန်းထားတဲ့ အနုပညာညီအစ်ကိုမောင်နှမတွေ အကယ်ဒမီဆုတွေနဲ့ ဝေးကွာသွားလို့ စိတ်မကောင်းဖြစ်လို့နေတာပဲဖြစ်ပါတယ်။

 

(ပိုပိုလေး)

 


25 Mar 2019     1,400 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS