BEC-TERO TV

လူတိုင်းသိထားသင့်သည့် အစာအဆိပ်သင့်ဖြစ်စေတဲ့ လက္ခဏာ ၅ ရပ်

25 Mar 2019     2,014 Views


တမ္ဘာလုံးဆိုင်ရာ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစင်တာရဲ့ စစ်တမ်းကောက်ယူချက်တွေအရ နှစ်စဉ်နှစ်တိုင်းမှာ လူပေါင်း ၅၀  သန်း နီးပါးခန့်ဟာ အစာအဆိပ်သင့်ခြင်းဝေဒနာကို ခံစားရတယ်လို့ ဆိုပါတယ်။ အစာအဆိပ်သင့်ခြင်းဟာ မပေါ့ဆသင့်တဲ့ ကျန်းမာရေးပြဿနာတခုဖြစ်ပြီး အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်စေနိုင်တာကြောင့် သတိပြုဆင်ခြင် နိုင်စေဖို့အတွက် အစာအဆိပ်သင့်ခြင်းရဲ့ လက္ခဏတွေကို ဖော်ပြပေးလိုက်ပါတယ်။
 
(၁) ချွေးအလွန်အကျွံထွက်လာခြင်း
 
အစာအဆိပ်သင့်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာတခုပဲဖြစ်ပြီး သင်ဟာ အစားအစာတခုခုကို စားပြီးပြီးချင်းမှာ အစာအိမ်ထဲကလည်း နာကျင်မှုဝေဒနာကို ခံစားရမယ်၊ ချွေးတွေလည်း အလွန်အကျွံထွက်လာမယ်ဆိုရင်တော့ အစာအဆိပ်သင့်တာမျိုး ဖြစ်နိုင်ပါတယ်။
 
(၂) ပျို့အန်ပြီး ကိုယ်လက်မအီမသာ ဖြစ်ခြင်း
 
အစာအဆိပ်သင့်ခြင်းရဲ့ ထင်ရှားတဲ့လက္ခဏာတခုပဲဖြစ်ပြီး ရံဖန်ရံခါအားဖြင့် မသန့်ရှင်းမလတ်ဆတ်တဲ့ အသား၊ နို့၊ ကြက်ဥနဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးမိတဲ့အခါမျိုးမှာ ဖြစ်ပေါ်တတ်ပါတယ်။
 
(၃) ဝမ်းလျောခြင်း
 
အစာအဆိပ်သင့်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာတခုဖြစ်ပြီး များသောအားဖြင့် အစာမသန့်တဲ့အခါမျိုးမှာ ဖြစ်ပေါ်တတ်ပါတယ်။ မသန့်ရှင်းတဲ့အစားအစာတွေထဲမှာ Norovirus လို့ခေါ်တဲ့ ပိုးတမျိုးပါရှိလာပြီး အစာအိမ်နာခြင်းအပါအဝင် အူလမ်းကြောင်း ပိုးဝင်ခြင်းအထိပါ ဖြစ်စေနိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။
 
(၄) ကိုယ်ပူတက်ခြင်း
 
အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေထဲမှာ Listeria နဲ့ Campylobacter လို့ခေါ်တဲ့ ဘက်တီးရီးယားတွေဟာ ကိုယ်ပူတက်ခြင်းနဲ့ ဖျားနာခြင်းတို့အထိ ဖြစ်စေနိုင်တာကြောင့် နီးစပ်ရာဆေးခန်းကို အလျင်အမြန် သွားရောက်ပြသသင့်ပါတယ်။
 
(၅) ရေငတ်ခြင်း
 
စားသုံံးလိုက်တဲ့ အစားအစာမှာ ဆားဓာတ်ပါဝင်မှုများတာကြောင့် ရေငတ်တာမျိုး ဖြစ်နိုင်သလို တခါတရံမှာ မိမိစားလိုက်တဲ့ အစားအစာကြောင့် ဝမ်းဗိုက်ထဲနာကျင်လာမယ်၊ ချွေးပြန်ပြီးရေငတ်ခြင်းကိုလည်း ခံစားရမယ်ဆိုရင်တော့ အစာအဆိပ်သင့်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

25 Mar 2019     2,014 Views




RELATED

Most Popular of Health Fix

Most Popular of Life Style