BEC-TERO TV

အေဂျက်ဇ် အသင်းနဲ့ ပွဲအမှီ ရော်နယ်ဒို ကို ပြန်လည်သက်သာလာဖို့ မျော်လင့်နေတဲ့ ဂျူဗင်တပ်စ်

26 Mar 2019     1,364 Views


မနေ့ညက ဆာဘီယားအသင်းနဲ့ ကစားတဲ့ ပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်း တိုက်စစ်မှူး ခရစ်တီယာနို ရော်နယ်ဒိုဟာ ကြွက်သား ဒဏ်ရာ ရရှိခဲ့ပါတယ်။ ပေါ်တူဂီအသင်းအတွက် ကစားပေးနေတဲ့ ဂျူဗင်တပ်စ် ကစားသမားဟာ ပွဲချိန် ၃၁ မိနစ်အရောက်မှာ  ဘောလုံးကိုဆွဲပြေးရင်း မတော်မဆ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။အဆိုပါ ဒဏ်ရာကြောင့် ရော်နယ်ဒိုဟာ ပွဲကို ဆက်မကစားနိုင်တော့ဘဲ ချက်ချင်းကို လူစားလဲ ခဲ့ရပါတယ်။

တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပေါ်တူဂီ လက်ရွေးစင် အသင်းအတွက် ကမ္ဘာ့ဖလား ပြီးကတည်းက မကစားခဲ့တာ ဖြစ်ကာ ပြီးခဲ့တဲ့ သောကြာနေ့ကမှ အသင်းအတွက် ပြန်လည် ကစားပေးခဲ့တာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်း ကတော့ သူတို့အသင်းရဲ့အဓိက တိုက်စစ်မှူးဖြစ်တဲ့ ရော်နယ်ဒိုကို လာမယ့် april လအတွင်းမှာ ကစားမည့်  ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်တစ်ပွဲ ဖြစ်တဲ့ အေဂျက်ဇ်အသင်းနဲ့ ပွဲအမှီ ပြန်လည် သက်သာလာဖို့ မျှော်လင့်နေပါတယ်။

ပေါ်တူဂီအသင်းဟာ ပြီးခဲ့တဲ့ ယူကရိန်းနဲ့ပွဲစဉ်မှာ ဂိုးမရှိသရေရလဒ်သာထွက်ပေါ်ခဲ့ပြီး ဆားဘီးယား အသင်းနဲ့လည်း တစ်ဖက်တစ်ဂိုးဆီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ပေါ်တူဂီအသင်းဟာ ရမှတ် ၂ မှတ်သာရရှိသေးပြီး အုပ်စုဇယားရဲ့ ယူကရိန်း ၊ လူဇင်ဘော့ တို့ရဲ့ နောက် အဆင့် ၃ နေရာမှာသာ ရပ်တည်နေတာဖြစ်ပါတယ်။
 

 


26 Mar 2019     1,364 Views




RELATED

Most Popular of Football

Most Popular of Sport