ဗြိတိသျှလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း နိုင်ငံမှားပြီး ဆင်းသက်
26 Mar 2019 1,522 Views

ဂျာမဏီနိုင်ငံသို့ ပျံသန်းထွက်ခွာလာသော ဗြိတိသျှလေကြောင်းပိုင် လေယာဉ် BA3271 ဟာ နိုင်ငံမှားယွင်းပြီး စကော့တလန်မှာ ဆင်းသက်ခဲ့မှု ပြီးခဲ့တဲ့ တနင်္လာနေ့က ဖြစ်ပွားခဲ့ပါတယ်။
လေကြောင်းလိုင်း၏ အဆိုအရ ဂျာမဏီလေကြောင်းဆိုင်ရာ ကုမ္ပဏီဖြစ်တဲ့ WDL Aviation က လေယာဉ်ထိန်းချုပ်စခန်းကို ပျံသန်းရမည့်လမ်းကြောင်း မှားယွင်းစွာ ပေးပို့ခဲ့တာကြောင့်ဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
“WDL Aviation ကုမ္ပဏီ ကျွန်တော်တို့ အလုပ်တွဲလုပ်နေတာပါ။ ဒီကုမ္ပဏီက အခုလေယာဉ်အတွက် ဗြိတိသျှလေကြောင်းလိုင်းကိုယ်စား ခရီးစဉ်တွေကို ရေးဆွဲပေးဖို့ တာဝန်ယူထားတာပါ၊ အခုလို မတော်တဆမှားယွင်းခဲ့တာကြောင့် အဆင်မပြေမှုတွေ ဖြစ်ခဲ့တဲ့အပေါ် ခရီးသည်တွေကို တောင်းပန်ပါတယ်” ဟု ဗြိတိသျှလေကြောင်းလိုင်းရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်အတွက် လန်ဒန်မြို့တော်လေဆိပ်ရဲ့ တွစ်တာစာမျက်နှာပေါ်မှာလည်း တောင်းပန်ထားတာကို တွေ့ရပါတယ်။ WDL ကုမ္ပဏီကတော့ အခုလိုမှားယွင်းမှုမျိုး ဘယ်လိုကြောင့်ဖြစ်ရတယ်ဆိုတာကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ အနီးကပ်စုံစမ်းမှုတွေ ပြုလုပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။






