BEC-TERO TV

မွန်တီနီဂရိုးအသင်းနဲ့ ပွဲစဉ်မှာ လူမျိုးရေးခွဲခြားခံခဲ့ရတဲ့ ဟက်ဆန်အိုဒွိုင်း

26 Mar 2019     1,345 Views


အင်္ဂလန်အသင်းရဲ့တောင်ပံကစားသမားလေး ဟက်ဆန်အိုဒွိုင်းဟာ တနလာင်္နေ့ညက ကစားခဲ့တဲ့ မွန်တီနီဂရိုးအသင်း နဲ့ ကစားတဲ့ပွဲမှာ လူမျိုးရေးခွဲခြားခံခဲ့ရပါတယ်။ သူနဲ့အတူ အင်္ဂလန်နောက်ခံလူ ဒန်နီရို့စ်ကလည်းအဆိုပါပွဲစဉ်မှာ လူမျိုးရေးခွဲခြားခံခဲ့ရတယ် လို့သိရပါတယ်။အဆိုပါပွဲမှာ ၅-၁ ဂိုးနဲ့ အင်္ဂလန်က အနိုင်ရရှိခဲ့ပါတယ်။

တောင်ပံကစားသမားလေး အိုဒွိုင်းကတော့ သူနဲ့သူ့အသင်းဖော်တွေကိုရည်ရွယ်ပြီး မျောက်တွေလို့ သံပြိုင်သီဆိုခဲ့တာကိုကြားခဲ့ရကြောင်း ဘီအင်းစပေါ့ကိုပြောပါတယ်။

“ကျွန်တော်တို့ ကောင်းမွန်တဲ့ ပွဲတစ်ပွဲကစားခဲ့ရတာပါ။ ဒါပေမယ့်အခုလို ပရိသတ်တွေဆီက လူမျိုးရေးခွဲခြားခံခဲ့ရတဲ့ အတွက်တော့ စိတ်မကောင်းဖြစ်မိပါတယ်”လို့ သူကဆိုပါတယ်။

“လက်မခံနိုင်စရာကိစ္စတစ်ခုပါ။ ယူအီးအက်ဖ်အေ အနေနဲ့ အခုဖြစ်ရပ်ကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းပေးမယ်လို့ ယုံကြည်ပါတယ်”လို့ အိုဒွိုင်းကပြောပါတယ်။

“အခုလိုမျိုးဖြစ်ရပ်တွေဟာ တကယ်တော့ ဘောလုံးလောကအတွက် အရှက်ရစရာတွေပါ။ အမှန်တကယ်ဆိုရင် ဒီလိုမျိုးကိစ္စတွေကဖြစ်ကိုမဖြစ်သင့်တဲ့အရာတွေပါ။ နိုင်ငံနဲ့လူမျိုးအတွက်လည်းသိက္ခာကျစေပါတယ်” လို့ သူက ဆိုပါတယ်။

အသက် ၁၈ နှစ်အရွယ် တောင်ပံကစားသမားလေး အိုဒွိုင်းဟာ မွန်တီနီဂရိုးအသင်းနဲ့ပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့်အများရဲ့ချီးကျူးခြင်းကို ခံခဲ့ရပါတယ်။အင်္ဂလန်အသင်းရဲ့ အသက်အငယ်ဆုံး ပွဲထွက်ကစားရတဲ့ ဒုတိယမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့တာဖြစ်ပါတယ်။


26 Mar 2019     1,345 Views




RELATED

Most Popular of Football

Most Popular of Sport