BEC-TERO TV

ထိပ်တန်း လူငယ် ကြယ်ပွင့်ကစားသမားများကို ရောင်းချဖွယ်ရှိနေတဲ့ ဘာစီလိုနာ

28 Mar 2019     1,368 Views


ဘာစီလိုနာအသင်းဟာ လာမည့်နွေရာသီ အပြောင်းအရွှေ့တွင် အသင်းကစားသမားများဖြစ်သည့် ကော်တင်ဟို၊ မယ်လ်ကွန်နှင့် အမ်တီတီတို့ကို ရောင်းချဖွယ်ရှိနေကြောင်း စပိန်အားကစားသတင်းစာများက ဖော်ပြထားပါတယ်။သို့သော် ဘာစီလိုနာအသင်းက အဆိုပါကစားသမားများကို မဖြစ်မနေရောင်းချမည်မဟုတ်ဘဲ ထိုက်တန်သည့်ဈေးရမှသာ ရောင်းချမယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းသည် ဘရာဇီးကွင်းလယ်လူ ကော်တင်ဟို၏ ခြေစွမ်းကိုသဘောမကျသဖြင့်  လာမည့် နွေရာသီတွင် ရောင်းချမည်ဟု သတင်းများထွက်နေပြီး ယူရိုသန်း (၁၀၀) ဖြင့် ကမ်းလှမ်းလာပါက လက်ခံစဉ်းစားဖွယ်ရှိကြောင်း Marca သတင်းစာ ဖော်ပြခဲ့ပါတယ်။ ကော်တင်ဟိုကိုခေါ်ယူအတွက် ယူနိုက်တက်အသင်းက ကြိုးစားနေတယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းသည် အသင်းကို အင်အားဖြည့်တင်းမှုများ ပြုလုပ်ရန် စီစဉ်နေသလို၊ တစ်ဖက်မှာ လည်း အသင်းရှိ ကစားသမားများကိုရောင်းချကာ ငွေရှာရန် ကြိုးပမ်းနေကြတာ့ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ အေဂျက်စ်အသင်းမှ ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကိုလည်း ခေါ်ယူထားနိုင်ပြီးဖြစ်သလို နောက်ထပ် အေဂျက်စ်မှ ဒီလစ် နဲ့ လီဗာပူးလ်နောက်ခံလူ မော်ရီနို တို့ကို စိတ်ဝင်စားနေတယ်လို့သိရပါတယ်။

ထို့အပြင် ဘာစီလိုနာအသင်းသည် ယခုရာသီအစမှ ဘော်ဒိုးအသင်းမှ ယူရို (၄၁) သန်းဖြင့် ခေါ်ယူခဲ့သည့် ဘရာဇီးလ်တောင်ပံကစားသမား မယ်လ်ကွန်ကိုလည်း ယူရိုသန်း (၇၀) နှင့်အထက်ဖြင့် ကမ်းလှမ်းလာပါက ရောင်းချဖွယ်ရှိနေပြီး ပြင်သစ်နောက်ခံလူ အမ် တီတီကိုလည်း ယူရိုသန်း (၇၀)မှ ယူရိုသန်း (၉၀)  ကြားရရှိပါက ရောင်းချရန်စီစဉ်နေကြောင်း မီဒီယာများက ဖော်ပြထားပါတယ်။


28 Mar 2019     1,368 Views




RELATED

Most Popular of Football

Most Popular of Sport