BEC-TERO TV

နိုင်ငံအသင်း ကစားဖော်တစ်ဦးကို ရီးရဲလ်မှာ ကစားတာ မြင်ချင်တယ် ဆိုတဲ့ ကော်တိုရစ်

28 Mar 2019     1,531 Views


ရီးရဲလ် ဂိုးသမား ကော်တိုရစ်ဟာ သူရဲ့ နိုင်ငံအသင်းဖော် အီဒင်ဟာဇတ်ကို ရီးရဲလ်မက်ထရစ်ကို လာရောက်ကစားစေချင်တယ်လို့ ဘယ်ဂျီယံက အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ကော်တိုရစ်က “ဟာဇတ်ဟာ ကမ္ဘာ့ ပေါ်မှာ ကျွန်တော့ ရဲ့ အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ပါ ၊ သူရဲ့ အနာဂါတ်အတွက် တစ်ခုခု ဆုံးဖြတ်သင့်နေပါပြီ ၊ သူ့ကို ရီးရဲလ်အသင်းမှာ လာရောက်ကစားစေချင်ပါတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလပိုင်းက သူရဲ့ အနာဂါတ်ကို မကြာခင်ထုတ်ဖော်ပြောမယ်လို့ ဆုံးဖြတ်ခဲ့ပေမဲ့ အခုထိတော့ အပြောင်းအရွှေ့ နဲ့ ပါတ်သတ်ပြီး တစ်စုံတစ်ရာ ဆုံးဖြတ်ချက်ချတာကို မတွေ့ ရသေးပါဘူး ။ အီဒင်ဟာဇတ်ဟာ ရီးရဲလ်မက်ထရစ်အသင်းနဲ့ ပြင်သစ်သားကြီး ဇီဒန်းလက်အောက်မှာ ကစားခွင့်ရရှိဖို့ဟာ သူရဲ့ အိမ်မက်  တစ်ခုဖြစ်တယ်လို့ ပြောဆိုထားသူတစ်ဦး ဖြစ်ပါတယ်။

သို့သော် ချလ်ဆီးအသင်း၏ ကစားသမားဝယ်ယူခွင့် အမောက်ကရတွေကြောင့် ဟာဇတ် က ရီးရဲလ်အသင်းကို ပြောင်းရွှေ့ ဖို့ သတင်းတွေကလည်း ငြိမ်သက်နေခဲ့တာဖြစ်ပါတယ်။ ဟာဇတ်ဟာ ချလ်ဆီးအသင်းနဲ့ ၂၀၂၀ အထိစာချုပ်သက်တမ်းရှိနေပါတယ်။ ချလ်ဆီးအသင်းက သူကိုရောင်းထုတ်ဖြစ်ပါက ပြောင်းရွှေ့ ကြေး ပေါင် ၉၀ ဝန်ကျင်ခန့် အလိုရှိနေပါတယ်။

 


28 Mar 2019     1,531 Views




RELATED

Most Popular of Football

Most Popular of Sport