BEC-TERO TV

အိမ်သာထဲမှာ မြွေဟောက်ရန်ကနေ သီသီလေးလွတ်ခဲ့တဲ့ ၅ နှစ်သမီးလေး

28 Mar 2019     1,836 Views


အသက် ၅ နှစ်အရွယ် ကလေးမလေးကို မိခင်ဖြစ်သူက အိမ်သာတည်နေစဉ် အိမ်သာအိုးထဲမှ မြွေဟောက်တက်လာပြီး ကလေးကို ပေါက်ခါနီးမှ မိခင်ဖြစ်သူ သိလိုက်ရတာကြောင့် ငယ်သံပါအောင်အော်ပြီး ကလေးကို အမြန်ပြန်ဆွဲချီခဲ့ရပါတယ်။
 
 
၆ ပေခန့်ရှိတဲ့ မြွေဟောက်ဟာ အိမ်သာတွင်းဝထဲမှာ ရှိနေခဲ့တာဖြစ်ပါတယ်။ ဒါကို မိခင်ဖြစ်သူက မသိပဲ ကလေးကို အိမ်သာကြွေခွက်ပေါ်တင်ကာ အိမ်သာတည်စဉ် မြွေဟောက်တက်လာခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးရဲ့ အော်သံကြောင့် ခင်ပွန်းဖြစ်သူရောက်လာပြီး မြွေကို လိုက်ကာတန်းနဲ့ အိမ်သာအိုးထဲမှာ ထိန်းထားပြီးနောက် ဆယ်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ 
 
 
ဒါပေမယ့် မအောင်မြင်ပဲ မြွေဟောက်က အိပ်သာပိုက်လိုင်းထဲ ပြန်ဝင်ပြီး ပျောက်ကွယ်သွားခဲ့ပါတယ်။ သူတို့မိသားစုဟာ တောင်အာဖရိကနိုင်ငံ ပရီတိုရီယာ ကနေ အပျော်တဲထိုးစခန်းချအဖွဲ့နဲ့ ခရီးထွက်လာခဲ့တာဖြစ်ပြီး အများသုံးအိမ်သာကို သုံးနေစဉ် အခုလိုဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။
 
ဒီမြွေဟောက်မျိုးဟာ တောင်အာဖရိရဲ့ အရှေ့ပိုင်းဒေသမှာတွေ့ရတတ်တဲ့ အဆိပ်ပြင်းမြွေဟောက်အမျိုးအစားလည်းဖြစ်ပါတယ်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် အပျော်တမ်းတဲထိုးစခန်းချ အဖွဲ့ကို စီစဉ်ကြီးကြပ်သူက အဖွဲ့သားတွေကို သတိပေးခဲ့ရပါတယ်။
 

28 Mar 2019     1,836 Views




RELATED

Most Popular of Special or Others

Most Popular of NEWS